MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့များမှ သဘောထားများ ထုတ်ပြန်

 

နေပြည်တော်  ဩဂုတ်   ၆


MNDAA  အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည်    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်   စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက် ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များ ထိခိုက် သေဆုံးခဲ့ရပြီး  အချို့ကို   အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိ ရသည်။


ယခုကဲ့သို့   MNDAA    အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime)  မြောက်သည့်   လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော  အကြမ်းဖက်လုပ်ရပ်များကို   လုံးဝလက်မခံ ကြောင်းနှင့်  ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း   ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း   YMBA  (ကရင်ပြည်နယ်)၊   မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့်   သစ်လုပ်ငန်းရှင်များအသင်း၊  မြန်မာနိုင်ငံ ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေး နှင့်   ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့က   သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်