မြန်အောင်မြို့နယ်နှင့် ဂွမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား  မလိုလားသူ အကြမ်းဖက်သမားများက စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီး

 

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် သော    ပြည်သူလူထုနှင့်   တရားဥပဒေစိုးမိုးရေး အတွက်  ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား    ထိခိုက်ဒဏ်ရာ   ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်း ဖက် ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက် ရှိသည့်အပြင် ကလေးသူငယ်များ ပညာသင်ကြားနေ သည့် စာသင်ကျောင်းများကိုပါ  လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့်    ဖောက်ခွဲခြင်းနှင့်    မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့     လုပ်ဆောင်လျက်ရှိရာ        ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး  မြန်အောင်မြို့နယ် အင်ပင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းကို    အကြမ်း ဖက်သမားများက ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်း အစည်းအဝေး  ခန်းမဆောင်အတွင်းရှိ   စတိတ်စင် တစ်ခု၊ သစ်သားစားပွဲ ၁၂ လုံး၊ သစ်သားကုလားထိုင် ၁၀ လုံးနှင့် ကော်ဇောလိပ်တစ်ခုတို့ မီးလောင်ပျက်စီး ခဲ့ပြီး  အခင်းဖြစ်နေရာအနီးမှ    ဓာတ်ဆီထည့်သည့်ဘူးခွံ နှစ်ခုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
အလားတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းအား  အကြမ်းဖက်သမားများ က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွား ခဲ့ပြီး   မီးလောင်မှုကြောင့်   ကျောင်းရှိ  သစ်သား ကြမ်းခင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် စာသင်ကျောင်းများ ကို    မီးရှို့ဖျက်ဆီးခဲ့သည့်   ဆူပူအကြမ်းဖက်သူများ အား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်