မလေးရှားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ စစ်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာပြန်လည်ခေါ်ဆောင်နိုင်ခဲ့

နေပြည်တော် ဖေဖော်ဝါရီ  ၂၇
နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေး          ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် က COVID-19 ရောဂါဖြစ်ပွားနေ သည့် ကာလအတွင်း နိုင်ငံရပ်ခြား တွင်   ကာလရှည်ကြာစွာ    ပိတ်မိ ဒုက္ခခံနေရသည့်    မြန်မာနိုင်ငံ သားများအနေဖြင့်  မိမိတို့မြန်မာ နိုင်ငံသို့    ပြန်လာသင့်ကြောင်း၊ အဆိုပါ      ပြည်ပရောက်     မြန်မာ နိုင်ငံသားများအား     အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရေး      စီမံ ဆောင်ရွက်        သွားရမည်ဖြစ် ကြောင်း  ဖေဖော်ဝါရီ ၂ ရက်တွင်   နိုင်ငံတော်သမ္မတ      အိမ်တော် အစည်းအဝေးခန်းမ၌   ကျင်းပ ပြုလုပ်ခဲ့သည့်          ပြည်ထောင်စု အစိုးရအဖွဲ့        အစည်းအဝေး၌ လမ်းညွှန်         မှာကြားခဲ့သဖြင့်    မလေးရှားနိုင်ငံတွင်   ရောက်ရှိနေ ပြီး          ယခင်ကာလကတည်း က     အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန်  အခက် အခဲများ          ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား    ခေါ် ဆောင်ရန်   တပ်မတော်မှ   စစ်ရေ ယာဉ်   (မုတ္တမ)၊    ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့်   စစ် ရေယာဉ်   (ဆင်ဖြူရှင်)  တို့သည် ဖေဖော်ဝါရီလ   ၁၅  ရက်တွင် ရန်ကုန်မြို့မှ     မလေးရှားနိုင်ငံ လူမွတ်(Lumut)ရေတပ်ဆိပ်ကမ်း သို့      စတင်ထွက်ခွာခဲ့သည်။
မြန်မာ့တပ်မတော်မှ   စစ်ရေ ယာဉ် ၃ စင်းသည်   မလေးရှားနိုင်ငံ လူမွတ်(Lumut)ရေတပ်ဆိပ်ကမ်း သို့       ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင်    ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင်  မြန်မာ နိုင်ငံသား   ၁၀၈၆      ဦးအား မလေးရှားနိုင်ငံ     တာဝန်ရှိသူများ ထံမှ    စနစ်တကျ    လွှဲပြောင်း လက်ခံရယူပြီး         လိုအပ်သည့် ကျန်းမာရေး       စစ်ဆေးပေးခြင်း၊ အဝတ်အစား အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းများ   ဆောင် ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ကာ       လမ်းခရီးစဉ် တစ်လျှောက်တွင်လည်း      လုံခြုံ ရေး၊   စားသောက်နေထိုင်ရေးနှင့် လိုအပ်သော         ကျန်းမာရေး စောင့်ရှောက်မှု        လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ  မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး          အကြောင်း အမျိုးမျိုးကြောင့်    မြန်မာနိုင်ငံ သို့ ပြန်လာရန်   အခက်အခဲဖြစ်ပေါ် နေသူများအား     ယခင်အစိုးရ လက်ထက်တွင်          ခေါ်ယူရန် တင်ပြခဲ့သော်လည်း        ခွင့်ပြုချက် မရရှိခဲ့သည့်အတွက်           ခေါ်ယူမှု မအောင်မြင်ခဲ့ဘဲ     ယခုမှသာ အောင်မြင်စွာ    ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး  ထိုသို့ခေါ်ယူရာတွင်လည်း ခေါ်ယူမှု မအောင်မြင်စေရန် မလို လား၊    မနှစ်သက်သူများက   အကြောင်းအမျိုးမျိုးဖြင့်ဟန့်တား နှောင့်ယှက်ခဲ့သော်လည်း  မြန်မာ နိုင်ငံသား   တိုင်းရင်းသားများ အတွက်    တပ်မတော်၏  မဆုတ် မနစ်ဇွဲလုံ့လဖြင့်   ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းကြောင့်    ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့၊  အမှတ်  (၃)    ရေတပ်ဆိပ်ကမ်းသို့  အောင်မြင် စွာ    ပြန်လည်ရောက်ရှိခဲ့သည်။    အောင်မြင်စွာ  ပြန်လည်ရောက်ရှိ လာသော    မြန်မာနိုင်ငံသား   တိုင်းရင်းသားများကို    ရန်ကုန် တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊   ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်  ညွန့်ဝင်းဆွေ၊ အလယ်ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်မှူး  ဗိုလ်မှူးချုပ်      ထိန်ဝင်းနှင့် တပ်မတော်      (ရေ)  မှ  အရာရှိ၊   စစ်သည်၊    မိသားစု များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်   နေရပ်ပြန်     မြန်မာနိုင်ငံ သားများ၏ မိသားစုဝင်များက  အတီးအမှုတ် အကအခုန်များဖြင့်    နွေးထွေးလှိုက်လှဲစွာ  လာရောက် ကြိုဆိုကြသည်။ ထိုသို့ မြန်မာနိုင်ငံ သားများ ဝမ်းပန်းတသာပြန်လည်     ရောက်ရှိမှုများကို    ပြည်တွင်း သတင်းဌာနများ၊   နေ့စဉ်ထုတ်          သတင်းစာများ၊   ဂျာနယ်များ၊   ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊  ပြည်တွင်းအခြေစိုက်  ပြည်ပသတင်းဌာနများမှ  သတင်း ထောက်များ  လာရောက်သတင်း ရယူကြသည်။
ပြန်လည်    ခေါ်ဆောင်လာ သည့်  မြန်မာနိုင်ငံသားများအား တပ်မတော်မှဖွင့်လှစ်ထားရှိသော Quarantine Center  များတွင် COVID-19    စည်းကမ်းများနှင့် အညီ   စနစ်တကျ   စောင့်ကြည့် ထားရှိပြီးနောက်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ပြီး  နေရပ်ပြန် နိုင်ရေးအတွက်     သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့်   ဆက်သွယ်ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ကိုလည်း  သက်ဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

သတင်းစဉ်