မလေးရှားနိုင်ငံတွင် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၀၈၃၇ ဦးတိုးလာ


 

ကွာလာလမ်ပူ သြဂုတ် ၂၄ 


မလေးရှားနိုင်ငံတွင် သြဂုတ် ၂၄ ရက်က တစ်နေ့တည်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၀၈၃၇ ဦးတိုးလာကြောင်း အတည်ပြုဖော်ပြ ပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၉၃၆၀၂  ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြ လိုက်သည်။ 
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗ ဒူလာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၂ ဦးမှာ  ပြည်ပကူးစက်မှု ဖြစ်ပြီး ၂၀၈၁၅ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြား လိုက်သည်။ နောက်ထပ် ၂၁၁ ဦး ကိုဗစ်-၁၉ကြောင့် ထပ်မံသေဆုံး ကြောင်း ဖော်ပြမှုနှင့်အတူ   စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်   သေဆုံးသူ ၁၄၅၅၃ ဦးရှိလာခဲ့ပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီးဆေးရုံမှ ဆင်းလာသူ ၁၈၆၁၃ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၁၃၁၆၃၃၆ ဦး  သို့မဟုတ်  ၈၂  ဒသမ ၆    ရာခိုင်နှုန်းရှိလာ ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၂၆၂၇၁၃ ဦးအနက် ၁၀၆၃ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင်  ဆေးကုသမှုခံယူလျက် ရှိပြီး ၎င်းတို့အနက်  ၅၁၁  ဦးမှာ  အသက်ရှူအထောက်အကူလိုအပ် လျက်ရှိကြောင်း သိရသည်။ 
ဆင်ဟွာ