
ကွာလာလမ်ပူ ဇန်နဝါရီ ၁၀
မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၉ ရက် ညသန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၂၈၈၈ ဦးတိုးလာသောကြောင့် နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂၇၈၆၂၁၉ ဦးအထိ ရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၂၃ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၂၅၆၅ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ နောက်ထပ် ၂၃ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံး ကြောင်း ဖော်ပြမှုနှင့်အတူ စုစု ပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံး သူ ၃၁၆၇၈ ဦးရှိလာခဲ့ပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုမှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှ ဆင်းလာသူ ၂၇၁၄ ဦး အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင် သွားသူပေါင်း ၂၇၁၄၆၁၄ ဦးရှိလာ ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၃၉၉၂၇ ဦး အနက် ၂၄၈ ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိပြီး ၎င်းတို့အနက် ၁၁၇ ဦး မှာ အသက်ရှူအထောက်အကူ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက် တစ်ရက် တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၁၁၀၂၅၈ ဦး ရှိခဲ့ရာ လူဦးရေ၏ ၇၉ ဒသမ ၆ ရာခိုင်နှုန်း မှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရပြီး ၇၈ ဒသမ ၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံ ပြီးပြီဖြစ်သည်။ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးသူပေါင်းမှာလည်း ၂၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်လာပြီ ဖြစ်သည်။ ဆင်ဟွာ