နေပြည်တော် မတ် ၂
၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာသော မလေးရှားနိုင်ငံသား Fariz Azman Bin Zainul Azman (Passport No.A 36662046) သည် မူးယစ် ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရပြီး ယင်းပြစ်မှုဖြင့် အင်းစိန်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိရာ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ၎င်းအားကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုပြီး ယနေ့တွင် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်



