
ကွာလာလမ်ပူ ဩဂုတ် ၂၄
မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၃၇ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၅၉၃၆၀၂ ဦးရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန် သည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၃၇ ဦးအနက် ၂၀၈၁၅ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူ များဖြစ်ကြောင်းနှင့် ၂၂ ဦးသည် ပြည်ပမှပြန်လာသူများအနက် မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၁ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅၅၃ ဦးရှိလာကြောင်း သိရသည်။ ထို့ပြင် မလေးရှား နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၈၆၁၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၁၃၁၆၃၃၆ ဦးရှိလာ ကြောင်းနှင့် ယင်းအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူစုစုပေါင်း၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၂၆၂၇၁၃ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၀၆၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၅၁၁ ဦးသည် အသက်ရှူအထောက် အကူပြုကိရိယာများလိုအပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်