
ကွာလာလမ်ပူ စက်တင်ဘာ ၁
မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၇၆၂ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၇၆၅၀၁၆ ဦးရှိလာ ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၇၆၂ ဦးအနက် ၁၈၇၅၇ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ငါးဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၈ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၆၉၄၂ ဦး ရှိလာကြောင်း သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၁၀၇၃ ဦး ထပ်တိုးလာခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၁၄၈၂၈၀၀ ရှိလာ ကြောင်းနှင့် ယင်းအရေအတွက်သည် မလေးရှားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၂၆၅၂၇၄ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၀၀၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၄၆၄ ဦးသည် အသက်ရှူအထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၆၁၄၇၆ လုံးအသုံးပြုပြီး ဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ ၆၀ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၄၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်