
မလေးရှားနိုင်ငံ၌ ရေကြီးမှုကြောင့် လူပေါင်း ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ
ကွာလာလမ်ပူ စက်တင်ဘာ ၂၀
မလေးရှားနိုင်ငံတစ်လွှား ပြည်နယ် အချို့၌ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂နာရီအထိ ရေဘေးဒုက္ခ ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၇၇၈၀ ရှိသည်ဟုသိရသည်။
ရေဘေးဒုက္ခ အဆိုးရွားဆုံး ခံစားရသည့်ပြည်နယ်မှာ ကီဒါ့ ပြည်နယ်ဖြစ်ပြီး လူပေါင်း ၆၅၈၈ ဦး မှာ ရေဘေးကယ်ဆယ်ရေးစင်တာ ၃၈ ခုတွင် သွားရောက်နေထိုင်နေရ သည်ဟု လူမှုဖူလုံရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ရေဘေးဒုက္ခ ခံစားရသည့် နောက်ထပ်ပြည်နယ်များမှာ ပီနန်း၊ ဆီလန်ဂေါ ၊ ပါလစ်နှင့် ဆာဘာ့တို့ ဖြစ်သည်။ အနောက်တောင် မုတ်သုံလေကြောင့် စက်တင်ဘာ တစ်လလုံး ရာသီဥတုဆိုးရွား ပြီး မိုးအဆက်မပြတ် ရွာသွန်းမှု များ ဖြစ်ပေါ်မည်ဟု မိုးလေဝသ ဌာနက ကြိုတင်သတိပေးထား သည်။
ဆင်ဟွာ