
ကွာလာလမ်ပူ အောက်တိုဘာ ၂၅
မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၂၄ ရက်ညပိုင်းက ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၅၆၆၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်းကူးစက်ခံရသူအရေအတွက်မှာ ၂၄၃၁၇၁၆ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ပြည်ပမှကူးစက်လာသူ ၂၀ ရှိပြီး ဒေသတွင်းကူးစက်ခံရသူ ၅၆၄၆ ဦးရှိသည်။ သေဆုံးသူအရေအတွက်မှာလည်း ၄၆ ဦး တိုး လာသည့်အတွက် စုစုပေါင်းသေဆုံးသူ ဦးရေမှာ ၂၈၄၀၀ ဖြစ်လာ သည်။ လက်ရှိတွင် ရောဂါခံစားနေရသူ ၇၅၉၄၇ ဦးရှိပြီး အထူး ကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၆၀၃ ဦးရှိသည်။
အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်သူ ၃၀၀ ရှိသည် ဟု သိရသည်။
အောက်တိုဘာ ၂၄ ရက်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးအလုံး ရေ ၁၂၄၅၃၀ ကို ထိုးပေးနိုင်ခဲ့ပြီး နိုင်ငံလူဦးရေ၏ ၇၇ ဒသမ ၇ ရာခိုင်နှုန်းမှာ အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူများ ဖြစ်သည်။ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ၇၂ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
ဆင်ဟွာ