မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၁၁၂၁၇၅ ဦးအထိရှိလာ

 

ကွာလာလမ်ပူ စက်တင်ဘာ ၂၁  


မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက် သန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၁၄၃၄၅ ဦး တိုးလာကြောင်း အတည်ပြုဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၁၁၂၁၇၅ ဦးအထိ ရောက် ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   ထုတ်ပြန်ဖော်ပြ လိုက်သည်။ 
ကိုဗစ်-၁၉   ထပ်မံကူးစက် ဖြစ်ပွားသူများအနက် ၄၃ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၄၃၀၂ ဦးမှာ        ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း    ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်         ထုတ်ပြန် ဖော်ပြထားသည်။ 
နောက်ထပ် ၃၀၁ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ    အရှေ့တောင် အာရှ   နိုင်ငံတစ်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံတွင် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃၇၄၄ ဦး ရှိလာခဲ့ပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး     ဆေးရုံမှ ဆင်းလာသူ ၁၆၈၁၄ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၁၈၈၀၇၃၃ ဦး ရှိလာပြီ ဖြစ်သည်။
လတ်တလော   ကိုဗစ်-၁၉ ကူးစက်      ဖြစ်ပွားလျက်ရှိသူ ၂၀၇၆၉၈ ဦးအနက် ၁၁၅၄ ဦးမှာ အထူးကြပ်မတ်     ကုသဆောင် တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၆၃၃ ဦးမှာ အသက် ရှူ အထောက်အကူလိုအပ်လျက် ရှိကြောင်း သိရသည်။ 
ဆင်ဟွာ