
ကွာလာလမ်ပူ ဇူလိုင် ၁၅
မလေးရှားနိုင်ငံတွင် ဇူလိုင် ၁၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၃၂၁၅ ဦး တိုးလာသောကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားချိန်မှစကာ တစ်နေ့ တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံးနေ့ အဖြစ် စံချိန်တင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၈၀၇၈၂ ဦး အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် နော်ဟီရှန် အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၁၃ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ကာ ၁၃၂၀၂ ဦးမှာ ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း ပြောခဲ့သည်။
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၁၁၀ ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၆၁၃ ဦး တိုးလာခဲ့သည်။
ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ် သစ် ကူးစက်ပျံ့နှံ့မှုအပါအဝင် တခြား ကိုဗစ်-၁၉ မျိုးစိတ်သစ်များ ကူးစက်ပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာခြင်းဖြစ်ကြောင်း သိရ သည်။
ယခင် ကိုဗစ်-၁၉ မျိုးစိတ်များသည် အနည်းဆုံး ၁၅ မိနစ်ကြာမှ ကူးစက်နိုင်သော်လည်း ဒယ်လ်တာ အပါအဝင် ကိုဗစ်-၁၉ မျိုးစိတ်သစ်များသည် နီးကပ်သူများကို ငါးစက္ကန့်အတွင်း ကူးစက်နိုင် ကြောင်းသိရသည်။
ဆင်ဟွာ