
ကွာလာလမ်ပူ သြဂုတ် ၂၆
မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၅၉၉ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၆၄၀၈၄၃ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန် သည်။
အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူ များအနက် ၁၉၇၆၁ ဦးသည် ရောဂါ လက္ခဏာ ပြင်းထန်မှုမရှိကြောင်းနှင့် အများစုမှာ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း မရှိသေးသူများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူဟစ်ဟမ်အဗ်ဒူလာရှ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် ၃၉၃ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၂၁၁ ဦးရှိလာသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါမှ ပြန်လည်သက်သာလာသည့် အတွက် ၂၂၆၅၇ ဦး ဆေးရုံးများမှ ဆင်းသွား ခဲ့ရာ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသူပေါင်း ၁၃၅၉၇၉၁ ဦး (ရောဂါကူးစက်ခံရသူအားလုံး၏ ၈၂ ဒသမ ၉ ရာခိုင်နှုန်း)ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၂၆၅၈၄၁ ဦးရှိပြီး ၉၉၀ သည် အထူး ကြပ်မတ်ကုသဆောင်များတွင် ဆေးဝါး ကုသမှုခံယူနေရပြီး ယင်းတို့အနက် ၄၈၇ ဦးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အကူပြုကိရိယာများတပ်ဆင် ထားရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်