မလေးရှားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၉၄၈ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ   သြဂုတ်  ၁၉ 


မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၉၄၈ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၄၈၉၄၆၀ ရှိလာကြောင်း မလေးရှားကျန်းမာ ရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။ 


ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ များအနက် ကိုးဦးသည်  နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူ များဖြစ်ပြီး ကျန် ၂၂၉၃၉ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်း  မလေးရှားကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူဟစ်ဟမ်အဗ်ဒူလာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ 


အလားတူ ဗိုင်းရပ်စ်ကူးစက်မှု ကြောင့် ၁၇၈ ဦး ထပ်မံသေဆုံးခဲ့ရာ လက်ရှိအချိန်အထိ       သေဆုံးသူ ပေါင်း ၁၃၄၈၀ ရှိလာသည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီ အတွင်း ၂၁၇၂၀ ရောဂါမှ ပြန်လည် သက်သာလာသည့်အတွက် ဆေးရုံ များမှ  ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာသူပေါင်း ၁၂၂၀၄၄၆ ဦး (ရောဂါကူးစက်ခံရသူအားလုံး ၏   ၈၁ ဒသမ ၉ ရာခိုင်နှုန်း)     ရှိ ကြောင်း သိရသည်။ 
လက်ရှိပိုးတွေ့ဆဲလူနာ ၂၅၅၅၃၄ ဦးရှိပြီး   ၁၀၆၀ သည်   အထူး ကြပ်မတ်   ကုသဆောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူ လျက်ရှိရာ ယင်းတို့အနက် ၅၂၈ ဦးသည်   အသက်ရှူအထောက် အကူပြုကိရိယာများ တပ်ဆင်ထား ရကြောင်း သိရသည်။  

        
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်