မလေးရှား၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအသစ်  ၂၃၄၂ ဦးရှိပြီး ၁၆ ဦးထပ်မံသေဆုံး 


 

ကွာလာလမ်ပူ  ဇန်နဝါရီ  ၁၈   
မလေးရှားနိုင်ငံ၌ ဇန်နဝါရီ ၁၇ ရက် ညသန်းခေါင်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၃၄၂ ဦး တိုးလာကြောင်းအတည်ပြုဖော်ပြမှုနှင့် အတူ  နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၁၀၆၈၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၈၀ မှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၂၁၆၂ ဦး မှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။  နောက်ထပ် ၁၆ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း  ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၁၈၀၉  ဦး ရှိလာခဲ့ပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၄၀၆၁၈ ဦးအနက် ၁၈၄ ဦး မှာ    အထူးကြပ်မတ်ကုသဆောင်တွင်  ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက်   ၈၇ ဦးမှာ   အသက်ရှူအထောက်အကူလိုအပ်လျက်ရှိ ကြောင်း သိရသည်။ ဇန်နဝါရီ ၁၇  ရက်တစ်ရက်တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၂၄၂၇၀၅ ဦးရှိခဲ့ရာ  လူဦးရေ၏ ၇၉ ဒသမ ၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရပြီး ၇၈ ဒသမ ၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ပြီဖြစ်သည်။                         ဆင်ဟွာ