
ကွာလာလမ်ပူ ဒီဇင်ဘာ ၂၁
မလေးရှားနိုင်ငံ၌ ဒီဇင်ဘာ ၂ဝ ရက် ညသန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၅၈၉ ဦးအထိ ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၇၂၁၅၄၄ ဦး ရှိလာပြီဖြစ်သည်။
အသစ်ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများအနက် ၄၆ ဦးမှာ ပြည်ပကူးစက်သူများဖြစ်ပြီး၂၅၄၃ ဦးမှာ ပြည်တွင်းကူးစက်သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၄၃ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ပေါင်းမှာ ၃၁၁၃၅ ဦးအထိ ရှိလာပြီဖြစ်သည်။
လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၅၂၂၁၈ ဦး ရှိသည့်အနက် ၃၇၉ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသလျက်ရှိပြီး ၂၁ဝ မှာ အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်လျက်ရှိသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ် ထိုးပြီးသူပေါင်း ၇၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အပြည့်အဝထိုးနှံပြီး သူပေါင်း ၇၈ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိပြီဖြစ်သည်။ ဆင်ဟွာ