
မက်မန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ်၌ ဒီဇင်ဘာ ၅ ရက်က မက်မန်းမြို့နယ် တာကော်လေး အုပ်စု တာကော်လေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းမြို့နယ် တာကော် လေးအုပ်စု တာကော်လေးကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်း ၃၅ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၄ ကတ်ကို အခမဲ့ ကွင်းဆင်း လုပ်ဆောင်ပေးကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်လက်ထောက်ဦးစီးမှူး ဦးကျော်လင်းဦးနှင့် ခရိုင်/ မြို့နယ်ဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)