မက်လုံးတွေက ပျက်သုဉ်းဖို့ရာ

 

ယမန်နေ့မှအဆက်


ယခုရက်ပိုင်း ဒီဇင်ဘာ ၃၀ ရက်မှာပင်   လစ်ဗျားနိုင်ငံမှ   ခိုလှုံခွင့် တောင်းခံသူ  ဒုက္ခသည်များကို  ဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီး ရုံးက ကယ်ဆယ်ရေးလေယာဉ်ဖြင့် နိုင်ဂျာနိုင်ငံသို့ပို့ဆောင်ပေးခဲ့ရသည်။ လစ်ဗျားနိုင်ငံမှ  နိုင်ဂျာနိုင်ငံသို့ ကယ်တင်ပေးနိုင်ခဲ့သူ  ဒုက္ခ သည်နှင့်  ခိုလှုံရာတောင်းခံသူဦးရေမှာ ၃၇၁၀ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့လေသည်။

 


ခေတ်တွေ    မည်သို့ပင်ပြောင်းစေကာမူ    အင်အားကြီးသူက အင်အားနည်းသူကို၊ ဉာဏ်ကြီးသူက  ဉာဏ်နည်းသူကို မက်လုံး အမျိုးမျိုးပေးနေကြဆဲပင်။ ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလ  ၁ ရက်နေ့  မြန်မာ့နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမက်လုံးများက တစ်ကျော့ပြန် ပြန်လည်ထွက်ပေါ်လာ ပြန်ပါသည်။ “ဖက်ဒရယ် ပြည်ထောင်စု”ဟူသော မက်လုံးအသစ် တစ်မျိုးကလည်း တွဲလျက် ကပ်ပါလာပြန်ပါသည်။

 


ငါးမျှားချိတ်၌ ချိတ်ထားသော ငါးစာကို ပြေးဟပ်သူတို့က ပြေးဟပ် ကြသည်။ ဖွဲနုကလေးများ နေ့စဉ်ပက်ကြဲ၍ စားသောက်နိုင်ရန်နှင့် အရိပ်အာဝါသကောင်းကောင်းရရှိစေရန်    ဖန်တီးပေးထားသော ကမ်းစပ်တစ်လျှောက်ရှိ   ချုံများအတွင်းသို့   ပြေးဝင်ခိုလှုံသူတို့က ခိုလှုံကြသည်။ အချို့က စနိုက်နှင့် စစ်စလီတို့ကဲ့သို့ မှန်ပါးစက္ကူကွက် ကြီးကို တိမ်တောက်ချိန်တွင် မြစ်ချောင်းအင်းအိုင်ထင်၍ ထိုးဆင်း ခဲ့ကြလေသည်။ သမိုင်း သင်ခန်းစာများအရ အားကြီးသူက အားနည်း သူကို၊ ဉာဏ်ကြီးသူက ဉာဏ်နည်းသူကို ကိုယ်ကျိုးစီးပွားအလို့ငှာ ပေးသောမက်လုံးတွေက ပျက်သုဉ်းဖို့ရာပင်။       ။