“မျက်ခုံးဖြူ ငှက်ပြာခြောက်” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေ

 

နေပြည်တော်   မေ   ၂ 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက   မြန်မာနိုင်ငံ၌သာ   ကျက်စားသည့်      ဒေသရင်းငှက်မျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် မြန်မာ့ဒေသရင်း “မျက်ခုံးဖြူ ငှက်ပြာခြောက်”   ငှက်ပုံ (၂၀၀ ကျပ်တန်)  စာပို့တံဆိပ် ခေါင်းသစ် တစ်မျိုးကို မေ ၄ ရက် ၊(ကြာသပတေးနေ့) နံနက် ၉ နာရီခွဲ မှ စတင်၍  နေပြည်တော်ဗဟိုစာတိုက်ကြီး၊  ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက် ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

 


အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ မေ ၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်