မချမ်းဘော့မြို့ ကောင်းမှုလုံစေတီတော်၌ ဆီမီးများထွန်းညှိပူဇော်၊ မလိခမြစ်ကမ်းဘေး၌ ဆီမီးများရေမျှော

 

မချမ်းဘော့  အောက်တိုဘာ ၂၃


ကချင်ပြည်နယ်     ပူတာအိုခရိုင် မချမ်းဘော့မြို့      ကောင်းမှုလုံ စေတီတော်မြတ်ကြီး၌ ဆီမီးများ ထွန်းညှိခြင်း၊      ကောင်းမှုလုံ တောင်ဘက်မုခ်  မလိခမြစ်ကမ်း ဘေး၌   ဆီမီးများရေမျှောပူဇော် ခြင်းကို      ယမန်‌နေ့ညပိုင်းက ပြုလုပ်သည်။

 


ထိုသို့  ပြုလုပ်ရာတွင်   ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊    ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်       အဖွဲ့ဝင်များက မချမ်းဘော့မြို့နယ် ကောင်းမှုလုံ ကျေးရွာ၌  တည်ထားကိုးကွယ် လျက်ရှိသော     ကောင်းမှုလုံ စေတီတော်မြတ်ကြီး၌     ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊    ကောင်းမှု လုံစေတီတော်   တောင်ဘက်မုခ် မလိခမြစ်ကမ်းဘေး၌    ဆီမီးများ ရေမျှောပူဇော်ခြင်းများ    ဆောင် ရွက်ခဲ့‌ကြောင်း သိရသည်။

 


ဆက်လက်၍    ဆီမီးထွန်းညှိ ပူဇော်ရန်     လာရောက်ကြသည့် ဧည့်ပရိသတ်များအား  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့       ဥက္ကဋ္ဌနှင့် စစ်ဗျူဟာမှူးတို့က  အာဟာရဒါန ပေါင်မုန့်များ      ပေးဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)