မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သော လှုပ်ရှားမှုများကိုပေါင်းစပ်ပြီး ခရီးစဉ်များရေးဆွဲဖော်ဆောင်ကြရန်လိုအပ်

 

နေပြည်တော်   မတ်    ၇ 


မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး   ဖိုရမ်ကို   ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပသည်။ 
ဖိုရမ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်     တိုင်းဒေသကြီးဝန်ကြီးများ၊   ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန      ညွှန်ကြားရေးမှူးချုပ်၊        ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့များ၊ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 
ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဝန်ဆောင်မှု ကောင်းမွန်ရေး၊ ခရီးစဉ်ဒေသများ  ဖွံ့ဖြိုးရေးနှင့်  ရေရှည်တည်တံ့သော  ခရီးသွားလုပ်ငန်းများ   ဖြစ်စေရေးအတွက်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊   ခရီးစဉ်ဒေသများ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့်  ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ယနေ့    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို    ကျင်းပရခြင်း ဖြစ်ကြောင်း။
ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေး
မကွေးတိုင်းဒေသကြီးအတွင်းရှိ   ခရီးစဉ်ဒေသများနှင့်   ခရီးသွား ဆွဲဆောင်ရာနေရာများသို့ ခရီးသွားများပါဝင်လှုပ်ရှားဆောင်ရွက်နိုင် သော  လှုပ်ရှားမှုများကို ပေါင်းစပ်ပြီး ခရီးစဉ်များရေးဆွဲဖော်ဆောင် ကြရန်လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း  ဘုရားဖူးခရီးသွား လုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း နှင့် အခြားခရီးသွားလုပ်ငန်း အမျိုးအစားများကို ဖော်ဆောင်နိုင်ကြောင်း၊  စာရင်းဇယားများအရ   မကွေးတိုင်းဒေသကြီးအတွင်းသို့   ပြည်တွင်း ပြည်ပခရီးသွား   ဧည့်သည်ဝင်ရောက်မှုအနေဖြင့်   ပြည်တွင်းခရီးသွား ဝင်ရောက်မှု ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သကဲ့သို့ ပြည်ပခရီး သွား     ဧည့်သည်များ   ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက်        ဈေးကွက်မြှင့်တင် ကြော်ငြာရေးလုပ်ငန်းများကိုလည်း အွန်လိုင်းမီဒီယာ များမှတစ်ဆင့်      ကျယ်ပြန့်စွာဆောင်ရွက်ကြရမည်     ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ (၁၂) လရာသီပွဲတော် ပြက္ခဒိန်ရေးဆွဲပြီး ခရီးသွားများကိုဆွဲဆောင်နိုင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ တာဝန် ယူမှုရှိပြီး ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း   ဖြစ်စေရေးအတွက်   စီးပွားရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ သဘာဝပတ်ဝန်းကျင်ရှုထောင့် တို့ကိုအခြေခံပြီး     ဖော်ဆောင်နိုင်ရေးနှင့်   မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်
ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အတွင်း    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ     ဆောင်ရွက်ထားရှိမှု၊     ခရီးစဉ်ဒေသများနှင့်  ခရီးသွားထုတ်ကုန်များ၊  ခရီးသွားဆွဲဆောင်ရာ နေရာများ ဖော်ထုတ်ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည် ရောက်ရှိမှု  အခြေအနေများ၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကပြဖျော်ဖြေပေးခဲ့ ကြသော အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။  ဆက်လက် ၍    ပြည်ထောင်စုဝန်ကြီးနှင့်   တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်     ဒေသထွက်အစားအစာများနှင့်    ထုတ်ကုန်များခင်းကျင်းပြသထားရှိ မှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါဖိုရမ်၏ ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲပိုင်းတွင် ဆက်လက် ကျင်းပရာ သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်ပညာရှင်များက ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၏  အခန်းကဏ္ဍနှင့်လုပ်ငန်းစဉ်များ၊  မကွေး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊  ခရီးစဉ် ဒေသတိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေး ကြပြီး   အဖွဲ့လေးဖွဲ့ခွဲကာ   အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများ  ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။                                              

သတင်းစဉ်