မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငဖဲမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၀၀၀ သို့ စားကုန်များ ထောက်ပံ့ပေးအပ်

 

ငဖဲ     နိုဝင်ဘာ    ၁


မကွေးတိုင်းဒေသကြီး    မင်းဘူးခရိုင်   ငဖဲမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား ပြည်သူ များ၏  စားဝတ်နေရေး လတ်တလောပြေလည်စေရန် ရည်ရွယ်၍ အခြေခံလူတန်းစားအိမ်ထောင်စု ၁၀၀၀ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံ စားကုန်လေးမျိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံး    နှာခေါင်းစည်းများကို     နိုဝင်ဘာ  ၁ ရက်က ငဖဲမြို့နယ်ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

 


ကူညီဆောင်ရွက်ပေးလျက်ရှိ


ရှေးဦးစွာ   မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က  လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏   စားဝတ်နေရေး   ပြေလည်စေရန် အတွက် သက်သာချောင်ချိရေး    ကော်မတီအဆင့်ဆင့် ကို   ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊  တိုင်းဒေသ ကြီး အစိုးရအဖွဲ့ကလည်း အခြေခံလူတန်းစားပြည်သူ များ  စားဝတ်နေရေး လတ်တလောပြေလည်စေရန် ရည်ရွယ်ပြီး   အခြေခံစားကုန်များကို   အိမ်ထောင်စု များ    လက်ဝယ်အရောက်      ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း၊     ငဖဲမြို့နယ်အတွင်းရှိ     အခြေခံ    အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့က အိမ်ထောင်စု   ၁၀၀၀  အတွက်  တစ်အိမ်ထောင်လျှင် ဆန်၊  ဆီ၊  ဆား၊  ကုလားပဲနှင့်   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ရေးအတွက်  နှာခေါင်းစည်းများ   ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊    စားသောက်ကုန်များ ရရှိသည့် အိမ်ထောင်စုများအတွက် ပစ္စည်းတန်ဖိုး နည်းပါး၍ များပြားသည့် ပမာဏမဟုတ်သော်လည်း ထိုက်သင့်သည့်   အကူအညီ    ရရှိနိုင်လိမ့်မည်ဖြစ် ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ပြ၊ ကျေးလက်ဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက်  ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မိမိ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက  ငဖဲမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံ စားကုန် လေးမျိုးဖြစ်သည့် (ဆန်၊ ဆီ၊ ဆား၊ကုလားပဲ) နှင့်  နှာခေါင်းစည်းများကို   ပြည်သူများလက်ဝယ် အရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 


ကွန်ပျူတာငါးလုံး ထောက်ပံ့


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေးခန်းမ၌   မြို့နယ်အဆင့်  ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်     လူမှုရေးရာဝန်ကြီး    ဦးသန့်ဇင်ကိုကိုတို့က  ငဖဲမြို့နယ်အတွင်းရှိ      အခြေခံပညာကျောင်းများ သို့     ကွန်ပျူတာငါးလုံးကို    ထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က   ဒေသဖွံ့ဖြိုးတိုးတက် ရေး၊   စိုက်ပျိုးရေး၊   သောက်သုံးရေရရှိရေး၊  ကော်ဖီ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန် မှာကြားခဲ့သည်။


မောင်ညီညာ