မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲ အသင်းပေါင်း ၁၇ သင်း ပါဝင်ယှဉ်ပြိုင်

 

မကွေး   ဖေဖော်ဝါရီ    ၂၅
၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉  နာရီက  တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန   တိုင်းဒေသကြီး   ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က  အမှာ စကား ပြောကြားရာ တစ်မျိုးသား လုံး   ကျန်းမားကြံ့ခိုင်မှု  အဆင့် အတန်း      မြင့်မားလာစေရန်၊ အားကစား        ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော      အလေ့ အကျင့်ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးပြီး     ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ထူးချွန်သော မျိုးဆက် သစ် ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့်      တိုင်း ဒေသကြီး     လက်ရွေးစင်  ဖူဆယ် အားကစား   သမားကောင်းများ ပေါ်ထွက်လာစေရန်  ရည်ရွယ်ပြီး မြို့နယ်ပေါင်းစုံ ဖူဆယ်အားကစား ပြိုင်ပွဲကို        ကျင်းပရခြင်းဖြစ် ကြောင်း၊    မိမိတို့တိုင်းဒေသကြီး သည် အားကစားပြိုင်ပွဲများတွင် တခြားပြည်နယ်နှင့်  တိုင်းဒေသ ကြီးများအောက်မကျဘဲ  အဆင့် အတန်းတစ်ခုတွင်ရှိပြီး (၁၆)နှစ် အောက် အမျိုးသားဘောလုံးပြိုင် ပွဲတွင်လည်း တံခွန်စိုက်ဒိုင်းဆုကြီး ကို    ရရှိကြောင်း၊     ပြိုင်ပွဲဝင် အားကစားသမားများ  အနေဖြင့် လည်း အောင်မြင်မှုရရှိရန်အတွက် တရားသော    ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိရမည်         ဆိုသည့် အားကစားစိတ်ဓာတ်  အပြည့်အဝ ဖြင့်      ပါဝင်ယှဉ်ပြိုင်ကြစေလို ကြောင်း ပြောကြားသည်။ 
ဆက်လက်၍      ပြိုင်ပွဲဝင် အသင်းများမှ   အားကစားသမား များက  အားကစားသစ္စာအဓိဋ္ဌာန် (၄)  ချက်အား     ရွတ်ဆိုခဲ့ပြီး တိုင်းဒေသကြီး    ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ နည်းပြများနှင့်  အားကစား သမား များအား  ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်ကြောင်း  သိရသည်။ 
ထို့နာက် ပြိုင်ပွဲဝင်အားကစား သမားများ        ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး အုပ်စုပွဲစဉ် အဖြစ် ချောက်မြို့နယ်အသင်းနှင့် အောင်လံမြို့နယ်       အသင်းတို့ ယှဉ်ပြိုင်ကစားရာ      (အပေါ်ပုံ) ချောက်မြို့နယ်အသင်းမှ  ငါးဂိုး-သုံးဂိုးဖြင့်      အနိုင်ရရှိကြောင်း သိရသည်။ 
အဆိုပါ ၂၀၂၃ ခုနှစ် မကွေး တိုင်းဒေသကြီး   ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄  ရက်မှ ၂၈  ရက် အထိ     ကျင်းပသွားမည်ဖြစ်ပြီး    တိုင်းဒေသကြီးအတွင်းရှိ    မြို့နယ် အသီးသီးမှ     ပြိုင်ပွဲဝင်အသင်း   ၁၇  သင်းဖြင့်  ပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။
            ကိုစည်သူ(မကွေး)