
မကွေး ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီများ တွေ့ဆုံ ဆွေးနွေးပွဲကို ဧပြီ ၂၀ ရက် နံနက် ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက် ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော် ၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် တိုင်း ဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများသို့ မတည်ထောက်ပံ့ငွေ များ လွှဲပြောင်းပေးအပ်ခဲ့ရာ မကွေးတိုင်း ဒေသကြီးအတွက် ငွေကျပ် ၁၀ ဘီလီယံရရှိခဲ့ကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားရေးမြှင့်တင် ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ထုတ်ပေးခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဒေသ အလိုက် ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အတွက် မတည်ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို မတ် ၂၄ ရက် တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွက် ရရှိခဲ့သည့် မတည်ထောက်ပံ့ငွေ ကျပ် ၁၀ ဘီလီယံကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံ ခန့်ခွဲသုံးစွဲနိုင်ရေးအတွက် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ လာရောက်ရှင်းလင်း ဆွေးနွေး ပြောကြားပြီးဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ များကို ထုတ်ချေးနိုင်ရန်အတွက် ပထမဦးစွာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ နှင့် စီမံကိန်းကြီးကြပ်မှုကော်မတီ တို့ကိုဖွဲ့စည်၍ လုပ်ငန်းတာဝန် များ သတ်မှတ်ထားပြီးဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရရှိသည့် မတည်ငွေကျပ် ၁၀ ဘီလီယံကို မြန်မာ့စီးပွားရေးဘဏ်တွင် အခြား စာရင်းရှင်(OA)ဖွင့်လှစ်ထားရှိပြီး ကြီးကြပ်ကွပ်ကဲသူ အရာရှိနှင့် ငွေထုတ်သူအရာရှိများကို တာဝန် ပေးအပ်ထားရန် လိုအပ်မည် ဖြစ်ပြီး မတည်ထောက်ပံ့ငွေမှ ငွေထုတ်ချေးရာတွင် လည်း ကောင်း၊ ပြန်လည်တောင်းခံရာတွင်လည်းကောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန် အထူး လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသ ကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် နိုင်ငံတော်၏ ဦးစားပေးမူဝါဒနှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများအတွက် ဦးစားပေး သုံးစွဲရမည်ဖြစ်ပြီး မတည်ရန်ပုံငွေဖြင့် ဆောင်ရွက် သည့်လုပ်ငန်းများမှ ရရှိလာမည့် အကျိုးအမြတ်များနှင့် အကျိုး ကျေးဇူးများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မှ မတည်ထောက်ပံ့ငွေများဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိရောက်စွာသုံးစွဲရန် လိုအပ်ကြောင်း၊ အရင်းမပျောက် မတည်ငွေဖြစ်၍ နိုင်ငံ့စီးပွား ရန်ပုံငွေသို့ ပြန်လည်ပေးဆပ်ရန် မလိုအပ်သော်လည်း ရန်ပုံငွေအား ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အရေး ကြီးကြောင်း၊ ရန်ပုံငွေအား တိုးပွား စေရန် ဆောင်ရွက်ရမည်ဖြစ်၍ အကျိုးကျေးဇူး ပြန်လည်ရရှိမည့် လုပ်ငန်းများကို ထုတ်ချေးပေးရန် လိုအပ်ကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းဆိုင်ရာများနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးပြာကြား ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် မကွေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးတင်ပြချက်များ အပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားကာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာ ကော်မတီများမှ ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များအလိုက် မိမိကျရာ အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကာ ကြိုးစားဆောင်ရွက်ကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မောင်ညီညာ