မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၂၉


ဆောက်လုပ်ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးမင်းထိန်သည် နိုဝင်ဘာ  ၂၇ ရက်တွင် တောင်တွင်း ကြီး-အောင်လံ- ပြည်လမ်းပေါ်တွင် အရှည် ပေ ၃၀၀ နှစ်လမ်းသွား ကြေးနီ‌ချောင်းတံတားသစ်နှင့် Max Hightway Co.,Ltd မှ   ဆောင်ရွက်လျက်ရှိသည့် အဆိုပါ တံတားချဉ်းကပ်လမ်းလုပ်ငန်းဆောင်ရွက် နေမှုနှင့် မြေထိန်းနံရံ  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှု၍     လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီ တံတား(သရက်-အောင်လံ)    တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့  ရောက်ရှိပြီး RP 5 Bored Pile လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ RP 1 – RP 11 – RP 12 – RP 13 Cross Bean         ရေလည်တိုင်လုပ်ငန်းများ    ဆောင်ရွက်နေမှုကို လည်းကောင်း၊ ချဉ်းကပ်တံတား (သရက်ဘက်ကမ်း) T1 – RP 1 Grider လုပ်ငန်းများ  ဆောင်ရွက်မှုကို လည်းကောင်း၊ ချဉ်းကပ်တံတား(အောင်လံဘက်ကမ်း) P1 – RP 13 Grider လုပ်ငန်းများဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 


ဆက်လက်၍   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ   တာဝန်ယူ ဆောင်ရွက်နေသည့် ၂၃ မိုင် ၃ ဖာလုံ  အရှည်ရှိ အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလလမ်းကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်းသည်  အောင်လံ- ဆင်ပေါင်ဝဲ - တောင်တွင်းကြီးမြို့များကို ဆက်သွယ် ထားသောလမ်းဖြစ်သည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  Max Hightway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည့် ရန်ကုန် - ပြည် - မကွေး လမ်းပိုင်း (အောင်လံ-ပြည်) လမ်းပိုင်းတွင် လမ်းတစ်ဖက်လျှင် ၃ ပေအကျယ် လမ်းသားချဲ့လုပ်ငန်းများ  ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 


ကျေးလက်လမ်းကြည့်ရှု


နိုဝင်ဘာ ၂၈ ရက်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့်  ပြည်မြို့  ရွှေဟင်္သာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ  လေးခန်းတွဲ  ငါးထပ် သုံးလုံး တည်ဆောက်ရေးလုပ်ငန်းခွင်နှင့်  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည့် ပေါင်းတည်မြို့နယ်  နတ်ပုတီး - ကံငယ် - မြောက် ကုန်းကြီး ကျေးလက်လမ်းတို့ကို ကြည့်ရှုစစ်ဆေး သည်။ အဆိုပါလမ်းသည် ပေါင်းတည် - ပေါက်တော လမ်းမကြီးနှင့် ချိတ်ဆက်ပြီး  ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် ပေါက်ခေါင်းမြို့နယ်များသို့ သွားလာနိုင် သောလမ်းဖြစ်သည်။


လက်ပံတန်း - မိုးညို - နတ်တလင်းလမ်း


ဆက်လက်၍  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်း - မိုးညို - နတ်တလင်းလမ်း မြေသားလုပ်ငန်းဆောင်ရွက်နေမှုနှင့် မိုးညိုမြို့နယ် ဘုရားဖြူ ချောင်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ တာဝန်ယူတည်ဆောက်နေသည့်  တံတားအရှည်ပေ  ၂၈၀ ရှိ    အိုးဘိုကျွန်းအုပ်စု-ဘုရားဖြူချောင်းကူး          ကွန်ကရစ်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Max Hightway Co.,Ltd မှ B.O.T စနစ်ဖြင့်  ဆောင်ရွက် လျက်ရှိသည့် ရန်ကုန် - ပြည် - မကွေး လမ်းမကြီး၏ လမ်းအစိတ်အပိုင်းတစ်ခုဖြစ်သည့် ပဲခူးတိုင်းဒေသကြီး  သာယာဝတီခရိုင်အတွင်းရှိ လမ်းပိုင်းအား ၂၂ ပေမှ ၄၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုက်ကြီး - ဖူးကြီး - ဖောင်ကြီး- ဘုရားကြီးလမ်းတစ်လျှောက်ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ 

 


သတင်းစဉ်