မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၆


မကွေးတိုင်းဒေသကြီးအတွင်း    ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင်  မကွေးမြို့နယ်   မိကျောင်းရဲကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၈၀၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၃၀၊ ခွဲစိတ်ရောဂါ ၇၆ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၀၊ အရိုးရောဂါ ၁၄၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀၊ မျက်စိရောဂါ ၁၇၃ ဦး၊ သွားရောဂါ ၃၆ ဦးနှင့် အထွေထွေရောဂါ ၃၃   ဦးတို့ကို   လိုအပ်သည့်   ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ရှစ်ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၅ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၇၀၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၄ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၈ ဦး၊ ဓာတ်ခွဲ စမ်းသပ်လူနာ ၅၁ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၂၇ ဦး ကို   နီးစပ်ရာတပ်မတော်ဆေးရုံသို့  တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 

 
၎င်းအပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း   ကျန်းမာရေးအသိ ပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ ကို  စားရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူ များက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (အပေါ်ပုံ)          
           

သတင်းစဉ်