
နေပြည်တော် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် စိုကန် ကျေးရွာရှိ “စိုကန်”ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက် ကာ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီး အား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီတွင် မြိုင်မြို့နယ် စိုကန်ကျေးရွာရှိ “စိုကန်” ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းအတွင်း၌ ကျောင်းထိုင်ဆရာတော် ဥူးဉာနိက သက်တော် (၄၄)နှစ် (၂၁) ဝါ (ဘ)ဦးဉာဏ်မြင့်သည် ကျောင်းနေသံဃာ များဖြစ်သည့် ဥူးအိန္ဒြိရ သက်တော်(၇၃)နှစ် (၇) ဝါ (ဘ)ဦးချစ်ထွေး၊ အရှင်ဇာနိတ္တရ သက်တော်(၁၂)နှစ် (ဘ)ဦးမြင့်အောင်၊ အရှင်တေဇနိယ သက်တော်(၁၀)နှစ် (ဘ)ဦးမြင့်အောင်၊ အရှင်ဝိမလ သက်တော်(၁၁)နှစ် (ဘ) ဦးမြတိုးနှင့် အာဂန္တုဆရာတော်ဖြစ်သည့် ပေါက်မြို့နယ် စခန်းလှကြီးကျေးရွာဘုန်းကြီး ကျောင်းမှ ဥူးဝိမလ သက်တော်(၆၀)နှစ် (၁၉) ဝါ (ဘ)ဦးထွန်းစိန်၊ စိုကန်ကျေးရွာနေ မောင်ထွေးလင်း (၂၇)နှစ် (ဘ)ဦးမြတိုးတို့နှင့် အတူရှိနေစဉ် မြိုင်-ကမ္မ ကားလမ်းအတိုင်း ဆိုင်ကယ်များမောင်းနှင်လာသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ခန့်သည် သေနတ်များ ကိုယ်စီကိုင်ဆောင်ထားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ ဆဲဆိုအော်ဟစ်ဝင်ရောက် လာခဲ့သည်။
ထိုသို့အကြမ်းဖက်သမားများ ဝင်ရောက်လာစဉ် ကျောင်းထိုင်ဆရာတော် ဥူးဉာနိကသည် ကိုရင် ငယ်လေးများအား ခေါ်ဆောင်ကာ အကြမ်းဖက် သမားများ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
အကြမ်းဖက်သမားများသည် ကျောင်းဝင်း အတွင်း ဝင်ရောက်လာပြီး ကျောင်းတိုက်ဘေးတွင် ရပ်တန့်ထားသည့် ဘုန်းကြီးကျောင်းပိုင် Mark II မော်တော်ယာဉ်တစ်စီးအား သေနတ်များဖြင့် ပစ်ခတ်ပြီး လက်လုပ်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သော်လည်း လက်လုပ်မိုင်း နှစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိခဲ့သဖြင့် အကြမ်းဖက်သမား များမှာ သိမ်ကျောင်းအတွင်း ထပ်မံဝင်ရောက်၍ သိမ်ကျောင်းအတွင်း ကျန်ရှိနေသည့် အာဂန္တု ဆရာတော် ဥူးဝိမလထံမှ လက်ကိုင်ဖုန်း နှစ်လုံးအား လုယက်ယူဆောင်ကာ မြိုင်-ကမ္မကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့မှုကြောင့် ဘုန်းကြီးကျောင်းပိုင် Mark II မော်တော်ယာဉ်၏ ယာဘက်နောက်ဘီးအပေါ် ကိုယ်ထည်၌ ကျည်နှစ်ချက် ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်၏ ဝဲဘက်အခြမ်း မြေကြီးပေါ်၌ မပေါက်ကွဲ သေးသည့် လက်လုပ်မိုင်း နှစ်လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရှင်းလင်းခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်း ဖက်သမားများ၏ အကြမ်းဖက်ရန်ပြုမည်ကို စိုးရွံ့၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကျောင်းထိုင် ဆရာတော်နှင့် ကိုရင် သုံးပါးတို့အား ပြန်လည်ရှာဖွေ ကာ အာဂန္တုဆရာတော်နှင့်အတူ လုံခြုံစိတ်ချရသည့် နေရာသို့ ပင့်ဆောင်သီတင်းသုံးစေလျက်ရှိပြီး ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ကာ ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်