
မကွေး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး အားကစား နှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ကလပ် အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက် က ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ဗိုလ်လု ပွဲ ပွဲစဉ်ကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင် ပထမဆုရရှိသော ကလပ်အသင်းကို ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်သည်။
အဆိုပါ ကလပ်အသင်း ပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ပိုက်ကျော်ခြင်း အသင်းအဖွဲ့ ၂၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပွဲစဉ်များကို နိုဝင်ဘာ ၂ ရက်မှ စတင်ကျင်းပကာ ယနေ့ မွန်းလွဲပိုင်းတွင် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ပွဲစဉ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ ကြည့်ရှုအားပေးကာ ဆုရအသင်းများအား ဆုကလပ် နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ် သည်။
ကြိုးစားဆောင်ရွက်
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားသမား များအား နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတော်အဆင့် ပိုက်ကျော် ခြင်းပြိုင်ပွဲများကို အစဉ်တစိုက် ပြုလုပ်ပေးနေသည့်အတွက် ယခု လို ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံက အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမား ကောင်းများဖြစ်အောင် ဆက်လက် ကြိုးစား ဆောင်ရွက်ကြစေ လိုကြောင်း မှာကြားကာ ပထမ ဆုရရှိသော မကွေးမြို့နယ် အာဠာဝက ကလပ်အသင်းကို ဆုကလပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ကြောင်း သိရ သည်။
မောင်ညီညာ(မကွေး)