မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အစားထိုးခန့်အပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၄၃/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)
 

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အစားထိုးခန့်အပ်ခြင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ   ၄၁၉ အရ  ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး  သို့မဟုတ်   ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို  အပ်နှင်းလျက် မကွေးတိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်  ခန့်အပ်တာဝန်ပေးထားသည့် ကြည်း ၂၀၈၂၅ ဗိုလ်မှူးကြီး မင်းဦး အစား ကြည်း ၂၈၇၀၇ ဗိုလ်မှူးကြီး ကျော်ကျော်လင်း အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်သည်။
                                        

အမိန့်အရ 

                                     အောင်လင်းဒွေး
                                   ဒုတိယဗိုလ်ချုပ်ကြီး
                                      အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ