
မကွေး မေ ၂၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းက မကွေး မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေး မှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက် ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား ကျောင်းသူများက “ကျောင်းသွားကြစို့” တေးသီချင်း ဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက တိုင်းဒေသကြီး အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်မှုအခြေအနေ ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်းရှိ ပညာရေးလုပ်ငန်းများ အတွက် အလှူငွေကျပ် ၁၀ သိန်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးပစ္စည်းများအား လည်း ကောင်း၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင် သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ပညာ ရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များနှင့် စာရေး ကိရိယာများကို ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသ ကြီး ပညာရေးမှူးရုံးမှ ပညာရေး ဆိုင်ရာ အသိပညာပေး ခင်းကျင်း ပြသဆောင်ရွက်ထားမှုကို လှည့် လည်ကြည့်ရှု အားပေးကြောင်း သိရသည်။
မောင်ညီညာ