မကွေးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

 

မကွေး  အောက်တိုဘာ   ၂၀


မကွေးမြို့နယ်အတွင်း   အောက် တိုဘာ ၁၇ ရက်တွင်     မိုးသည်း ထန်စွာ     ရွာသွန်းခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော   ပြည်သူ များအား     ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း    ၁၆ မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန် နေ့   မွန်းလွဲပိုင်းက   ကျင်းပခဲ့သည်။ 

 


ထိုသို့     ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ရာတွင် မကွေးတိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင် မြင့်က  မိုးသည်းထန်စွာ ရွာသွန်း ကာ ရေကျချောင်းများနှင့် ‌ရေကန် များ ရေလျှံမှုတို့ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရသော   ကန်ရွာ လေးကျေးရွာ၊  အလည်ချောင်း ကျေးရွာနှင့်    ချမ်းမြေ့သာယာ ကျေးရွာတို့မှ    ဒေသခံပြည်သူ များအား    တွေ့ဆုံအမှာစကား ပြောကြားရာတွင် သဘာဝဘေး    အန္တရာယ်များ      ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံးမှု     မဖြစ်အောင်  ကြိုတင်ကာကွယ်ရေး    လုပ်ငန်း များကလည်း   အရေးကြီးကြောင်း နှင့်      သဘာဝဘေးအန္တရာယ်များ    ဖြစ်ပွားပါက  သက်ဆိုင်ရာဌာနများ သို့  အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့ကြရန်လိုကြောင်းပြောကြား သည်။ဆက်လက်၍ တိုင်းဒေသကြီး  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန  ဦးစီးမှူးက  သဘာဝ ဘေးအန္တရာယ်နှင့်   ပတ်သက်ပြီး  ပြည်သူများအနေဖြင့်  အထူးဂရုပြု လိုက်နာဆောင်ရွက်ရမည့်အချက် များ၊  ထောက်ပံ့ငွေများနှင့် ကယ် ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ ပေးအပ်ရခြင်းနှင့်    ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက်  တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများသည်   မိုးသည်းထန်စွာ ရွာသွန်းကာ ရေကျချောင်းများနှင့် ‌ရေကန်များ  ရေလျှံမှုတို့ကြောင့် ထိခိုက်ပျက်စီး    ဆုံးရှုံးခဲ့ရသော ဒေသခံပြည်သူများအား ထောက်ပံ့ ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆   မျိုး     ထောက်ပံ့ပေးအပ် သည်။

 


မကွေးမြို့နယ်      အတွင်း အောက်တိုဘာ     ၁၇  ရက်က မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့်  ဘေးသင့်   အိမ်ထောင်စုများမှ လူဦးရေ ၁၀၈ ဦး ရှိကြောင်းနှင့်   ထောက်ပံ့ငွေနှင့်   ကယ်ဆယ်ရေး ပစ္စည်း   ၁၆ မျိုး  စုစုပေါင်းတန်ဖိုး ငွေကျပ်     ၅၁  သိန်းကျော်ခန့်   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။              

 

စည်သူ(မကွေး)