မကွေးမြို့၌ မီးစက်မောင်းစဉ် ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်

 

မကွေး    မတ်   ၂


မကွေးတိုင်းဒေသကြီး မကွေးမြို့၌ မေ ၁ ရက် နံနက်  ၁၁ နာရီ မိနစ် ၄၀ ခန့်က မီးစက်မောင်းရာမှတစ်ဆင့် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆွမ်းချက်ဆောင်နှင့် လူနေအိမ် တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


 ဖြစ်စဉ်မှာ မကွေးမြို့ အောင်မေတ္တာရပ်ကွက် (ဂ)အုပ်စု (၁၅)လမ်း ရှိ အောင်မြေဓမ္မာ့ရတနာ ဘုန်းတော်ကြီးကျောင်းတွင် အသုံးပြုလျက် ရှိသည့် မီးစက်ကို မောင်းနှင်စဉ် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုးပျဉ်ထောင် တစ်ထပ် ဆွမ်းချက်ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းအနီးရှိ  သွပ်မိုး၊ ပျဉ်ထောင်တစ်ထပ် လူနေအိမ် တစ်လုံးကို မီးကူးစက်ခဲ့ကြောင်း၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ က မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ  မွန်းလွဲ  ၁၂ နာရီ  ၁၀  မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့်  မီးလောင်မှုကြောင့်   လူနှင့်တိရစ္ဆာန်များ   ထိခိုက်မှုမရှိကြောင်း  သိရ သည်။                                      

 ခရိုင်(ပြန်/ဆက်)