မကွေးမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို  အားကစားပြိုင်ပွဲများကျင်းပ

 

မကွေး    ဇန်နဝါရီ    ၂ 


မကွေးတိုင်းဒေသကြီး (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို  ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမနှင့်       ခရိုင်အားကစားကွင်းတို့၌ ကျင်းပသည်။ 

 


လွတ်လပ်ရေးနေ့       အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများအဖြစ်  ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊    လွန်ဆွဲပွဲ၊   ဘော်လီဘော ပြိုင်ပွဲ (ကျား/မ)၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ မီတာ (၁၀၀) ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲများ ထည့်သွင်းကျင်းပပြီး တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစား  ဝါသနာရှင်များ  အေးချမ်းပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ 

 


အဆိုပါ     လွတ်လပ်ရေးနေ့    အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို   ဇန်နဝါရီ  ၄  ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  ဆုရရှိသူများကို လွတ်လပ် ရေးနေ့တွင်    ဆုများ    ချီးမြှင့်‌ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။  


မောင်ညီညာ