မကွေး - ပျော်ဘွယ် - ပြည်ညောင် - ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင် ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၁၇   


မကွေး - ပျော်ဘွယ် - ပြည်ညောင် - ပင်းပက်  သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို  မကွေး - ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍  ဧပြီလမှစတင်ကာ အဆင့်မြှင့် တင်ခြင်းနှင့်  အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

 


အဆိုပါလုပ်ငန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်အရ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည် လည်ပတ်ပါက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏    ရေနံချောင်း  Off-take  မှတစ်ဆင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့များ   ပို့လွှတ်ပေးနိုင် ရေး  မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်းက ကြိုတင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

 


ယင်းလုပ်ငန်းခွင်သို့      စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိ သူများနှင့်အတူ    ယနေ့တွင်   သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း     တောင်ကြီးမြို့အနီးရှိ ပင်းပက်သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းသို့ရောက်ရှိ စစ်ဆေးပြီး  ပြည်ထောင်စုဝန်ကြီးက သံမဏိစက်ရုံ ပြန်လည်လည်ပတ်ချိန်တွင်     စက်ရုံသို့    သဘာဝ ဓာတ်ငွေ့ပို့လွှတ်ပေးနိုင်ရေး    လိုအပ်သောကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံ အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ဖြည့်ဆည်း နိုင်ရေးအတွက် ရွှေစီမံကိန်းမှပြည်တွင်းသုံး သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားရန်လိုကြောင်း၊ ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်း၊ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို  သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီး  နိုင်ရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း မှာကြားပြီး ပင်းပက်ဓာတ်ငွေ့ထိန်းဖြန့်စခန်း ရှိ    သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက်များ    ဖိအား စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း      ဆောင်ရွက်နေမှု၊ သရက်ပုကျေးရွာအနီးရှိ     ပိုက်လိုင်းပြုပြင်ခြင်းနှင့် ပိုက်အစားထိုးလဲလှယ်ခြင်း     လုပ်ငန်းဆောင်ရွက် နေမှုများကို    ကြည့်ရှုစစ်ဆေးခဲ့ကြောင်း    သိရသည်။

သတင်းစဉ်