
မနီလာ အောက်တိုဘာ ၁၁
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၈၂၉၂ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၂၆၇၄၈၁၄ ဦး အထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက် သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၃၆ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၃၉၆၆၀ အထိ ရှိလာခဲ့သည်။
သြဂုတ် ၅ ရက်မှစသော် အောက် တိုဘာ ၁၁ ရက်သည် ကိုဗစ်-၁၉ ကူးစက် မှု အနည်းဆုံးဖြစ်ခဲ့သည်။
စီးပွားရေးမြို့တော် မနီလာတွင် ကိုဗစ်-၁၉ အခြေအနေ တိုးတက်လာ ခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် ပြည်သူများ အလုပ်ပိုမိုသွားနိုင်ရန် ကန့်သတ်ချက်များ ကို တတ်နိုင်သလောက် ဖြေလျှော့ပေး လျက်ရှိကြောင်း သမ္မတပြောရေးဆိုခွင့် ရှိသူ ဟာရီရော့ခ်က ပြောခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှု နှုန်းသည် တဖြည်းဖြည်း အကျ ဘက်သို့ ရောက်ရှိလာကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန အကြီးအကဲဖြစ်သူ မာရီယာရိုဆာရီယိုဗာဂျရီက ပြောသည်။ ထို့အတူ ဆေးရုံတက်ရောက်ကုသသူဦးရေ လည်း ကျဆင်းလာကြောင်း ၎င်းက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း သန်း ၂၀ ကျော် ရှိလာပြီဖြစ်သည်။
ဆင်ဟွာ