မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများကို လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  ဩဂုတ်  ၁၇


မြန်မာနိုင်ငံအတွင်း ဒေသအချို့ တွင် ဩဂုတ် ၁၆ ရက်နှင့် ယနေ့တို့ တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ    ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများကို လိုအပ် သည့်     ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ရေဘေးသင့်      ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

 


မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ မြို့နယ်  ကဒါကျေးရွာ၊  ကလော ကျေးရွာနှင့် ကွမ်သဲကျေးရွာ၊  မုဒုံ မြို့ရှိ မြို့မ ၄ ရပ်ကွက်၊ အုတ်ကျင်း ရပ်၊ လမိုင်းမြို့နယ်၊  ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး     မြို့နယ်၊ မော်လမြိုင်မြို့ရှိ        သီရိမြိုင် ရပ်ကွက်၊   ရန်ကုန်တိုင်းဒေသကြီး အတွင်း      မင်္ဂလာဒုံမြို့နယ်ရှိ ပေါက်ကုန်းရပ်ကွက်နှင့်   ပလရ ရပ်ကွက်၊    ကြံခင်းစုရပ်ကွက်၊ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာ အုပ်စု       ထိန်စွန်းကျေးရွာနှင့် သံတံတားကျေးရွာ၊ သန်လျင်မြို့ နယ်  ဗိုလ်ချုပ်ကျေးရွာ၊   အေး သာယာရပ်ကွက်၊  ကျောင်းတန်း မြို့နယ် မရမ်းဘေးကျေးရွာ၊ ပုတ္တ လုတ်ကျေးရွာ၊    သုံးခွမြို့နယ် အတွင်းရှိ ကျေးရွာ   ၂၉   ရွာ၊ ခရမ်းမြို့နယ် ဘိုကလေးကျေးရွာ နှင့် အုန်းပင်ကျေးရွာ၊ ရွှေပြည်သာ မြို့နယ်အတွင်းရှိ   အမှတ် (၂၄) ရပ်ကွက်နှင့်   အမှတ်   (၂၆) ရပ်ကွက်၊     တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ   အမှတ်  (၁၂)  ရပ်ကွက်၊  ဧရာဝတီတိုင်းဒေသ ကြီးအတွင်း  ကျိုက်လတ်မြို့နယ်၊ ထရော်ရွာသစ်နှင့်     ကျုံမငဲ့ ကျေးရွာ၊       ငပုတောမြို့နယ် သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ် ကွင်းကျေးရွာနှင့် ရခိုင်ပြည်နယ် အတွင်း    ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊   စေတီတောင် ရပ်ကွက်၊    ကုလားဘာတောင် ရပ်ကွက်နှင့် မြစ်နားတန်းရပ်ကွက် တို့၌  ဩဂုတ်   ၁၆   ရက်နှင့် ယနေ့တို့တွင်   မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု များကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် တောင်ကမ်းပါး ယံပြိုကျခြင်း၊ အဆောက်အအုံ၊ လူနေအိမ်၊ ဈေးဆိုင်များပျက်စီး ခြင်း၊ အခြေခံပညာကျောင်းများ အုတ် တံတိုင်းပျက်စီးခြင်း၊  ကျေး လက်ဆေးပေးခန်းတို့မှာ  အမိုး လန်ပျက်စီးခြင်းနှင့် တံတားများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တပ်မတော်သား များက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊     ဌာန ဆိုင်ရာ   ဝန်ထမ်းများနှင့်အတူ ရေဘေးသင့်     ပြည်သူများအား ယာယီ  ကယ်ဆယ်ရေးစခန်းနှင့် ရေဘေးလွတ်ကင်းရာနေရာများ သို့    ကူညီရွှေ့ပြောင်းပေးခြင်း၊ ပြိုကျပျက်စီးနေသော အဆောက် အအုံအမိုးများ ဖယ်ရှားရှင်းလင်း ခြင်းနှင့်  ပြန်လည်ပြင်ဆင်ခြင်း၊ မြေထပ်မံပြိုကျမှု     မရှိစေရေး သစ်လုံးများ ရိုက်ခြင်းနှင့်  လိုအပ် သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြသည်။

 


ထိုသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ   ပြည်နယ်ဝန်ကြီး ချုပ်၊  တိုင်းမှူးများနှင့်  တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး    လိုအပ်သည် များ  ညှိနှိုင်းဆောင်ရွက်ပေးကာ ရေဘေးသင့်   ပြည်သူများအား ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ  ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်