
ပုဂံ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ရှေးဟောင်းဘုရားစေတီပုထိုးအချို့နှင့် ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီး သွားခဲ့ရာ ရှေးမူမပျက် အချိန်မီပြန်လည်ပြုပြင်နိုင် ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား စေတီပုထိုးအချို့နှင့် ရှေးဟောင်းအဆောက်အအုံ အချို့ကို ယနေ့နံနက်ပိုင်းက ဆရာတော် ဦးပညာ သာရ ဦးဆောင်သော ကုသိုလ်တော် ပုဂံဘုရားများ သန့်ရှင်းရေးပရဟိတအဖွဲ့က စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဖွားစောကျေးရွာအနီးရှိ ဘုရားအမှတ် (၈၀၃) ပြဿဒ် ကြီးဘုရား အနောက်ဘက်မုခ်ဦး အလျား ၁၂ ပေ ၊ အမြင့် ၁၅ ပေ ၊ ထု ခြောက်ပေခန့် ထိခိုက်ပျက်စီးခြင်း၊ ပုဂံမြို့ ရွှေတွင်းရပ်ကွက်ရှိ ဘုရားအမှတ် (၉၈၇)စေတနာကြီးဘုရား၏ မဟာရံတံတိုင်း အနောက် ဘက်အတွင်းပိုင်း အရှည် ၄၃ ပေ ၊ ခြောက်လက်မခန့်၊ ထု ခြောက်လက်မခန့် အုတ်ချပ်များ ပဲ့ကျပျက်စီးခြင်း၊ တောင်ဘီကျေးရွာရှိ ဘုရားအမှတ်(၂၀၀၂)၏ အရှေ့ မြောက်ထောင့်တွင် အနည်းငယ်ထိခိုက်ပျက်စီးခြင်း နှင့် ဘုရားအမှတ်(၁၆၀၅) ပုထိုးသားများ ဘုရား၏ အရှေ့မုခ် အလျား လေးပေ၊ အမြင့် နှစ်ပေ၊ ထု ခြောက် လက်မခန့် ထိခိုက်ပျက်စီးခြင်း ၊ မြင်းကပါကျေးရွာရှိ ဘုရားအမှတ် (၁၁၄၅) စိုးမင်းကြီးဘုရား၏ အထက် ပစ္စယံ အရှေ့ဘက်တွင် အလျား လေးပေခန့် ၊ အမြင့် တစ်ပေခန့် ၊ ထု တစ်ပေခန့်နှင့် အရှေ့တောင်ဘက်တွင် အလျား နှစ်ပေခန့် ၊ အမြင့်တစ်ပေ ၊ ထု တစ်ပေခန့် ထိခိုက်ပျက်စီးခြင်း၊ ရှေးဟောင်းအဆောက်အုံအမှတ် (၁၂၃) အုတ်ကျောင်းကြီး အမိုးပိုင်း သုံးပေပတ်လည် ခန့် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်(ပုဂံဌာနခွဲ)မှ ရှေးဟောင်းဘုရားစေတီပုထိုး များနှင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက် ပျက်စီးမှု ထပ်မံမဖြစ်ပေါ်စေရေးအတွက် ရှေးမူမပျက် အချိန်မီ ပြန်လည်ပြုပြင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် ရှေးဟောင်းဘုရားစေတီပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများကို ရှေးမူမပျက် အဆင်ပြေစွာ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆရာတော် ဦးပညာသာရ ဦးဆောင်သော ကုသိုလ် တော် ပုဂံဘုရားများ သန့်ရှင်းရေးပရဟိတအဖွဲ့ ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံညောင်ဦးမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများက အုတ်ကျိုးအပဲ့များ ရှင်းလင်းခြင်း ၊ အုတ်ကောင်းများကို ခွဲခြား၍ စနစ် တကျ ထားရှိခြင်း ၊ ဘုရားဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး အမှိုက်သရိုက်များ ကောက်ယူရှင်းလင်း ခြင်း၊ တံမြက်စည်းလှည်းခြင်း လုပ်ငန်းများကို စုပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)