
နေပြည်တော် ဒီဇင်ဘာ ၂၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ အငယ်တန်း အင်ဂျင်နီယာ (၂)၊ ပုံဆွဲ (၂) နှင့် စာရင်းကိုင် (၂) ရာထူးအလွှာ ၈၃ နေရာ ရွေးချယ်ခန့်ထားနိုင်ရေး အတွက် သတင်းစာတွင် ကြော်ငြာ ထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့ သော ရေးဖြေစာမေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေရှိ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများသည် ရေးဖြေ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
အဆိုပါ ရေးဖြေစာမေးပွဲတွင် ဒုတိယဦးစီးမှူး၊ အငယ်တန်း အင်ဂျင်နီယာ(၂)၊ ပုံဆွဲ (၂) နှင့် စာရင်းကိုင် (၂) ရာထူးအလွှာ ၈၃ နေရာအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ (၃) ဘာသာ စစ်ဆေးခဲ့ပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၈ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်