
နေပြည်တော် အောက်တိုဘာ ၂၇
မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင် ခြင်း လုပ်ငန်းစဉ်များအတွက် ရှေ့ပြေးအစီအစဉ်များ ဆောင်ရွက် ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာသက်သက်ခိုင် က မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံ တင်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှေ့ပြေးလုပ်ငန်းအစီ အစဉ်များ စတင်အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် မိမိတို့ ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြမည့် ဆက်စပ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မသန်စွမ်း အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၏ ညှိနှိုင်းပူးပေါင်း ပါဝင်မှုများဖြင့် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအရ မသန်စွမ်းသူများ ၏ အခွင့်အရေးများကို အပြည့်အဝ ခံစားရရှိရေးအတွက် အရေးကြီး ပြီး အဓိကလိုအပ်သော လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ကနဦး သတ်မှတ်ထားရှိသည့် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့၊ ကရင်ပြည်နယ် ဘားအံ မြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ် များတွင် စတင်အကောင်အထည် ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အဆင့်လိုက် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် သင်တန်းများ ဖွင့်လှစ်ခြင်း၊ မြို့နယ်နှင့် ခရိုင်အဆင့် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ မသန်စွမ်း အဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန် စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်သည် ယခင်ဆောင် ရွက်ခဲ့သည့် Early Childhood Intervention (ECI) လုပ်ငန်းစဉ် များနှင့် ဆက်စပ်ပါကြောင်း၊ ရှေ့ပြေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မသန်စွမ်းအသင်းအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံ တင်ခြင်း လုပ်ငန်းစဉ်ဆောင်ရွက် ပြီးမှသာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုး သားအဆင့် မဟာဗျူဟာ ၅ နှစ် စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်လည် ထူထောင်ရေးဦးစီးဌာန ထိခိုက် လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြား ရေးမှူးက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းလုပ်ငန်း စီမံချက်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်