မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်   ၁၈ 


မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည်  ဩဂုတ် ၁၇ ရက်     မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ လုံးစန့် ကျေးရွာအုပ်စု   လုံးစန့်ကျေးရွာ အနီးတွင်    မြင့်နိုင်မောင်းနှင်ပြီး ကျော်လှ           လိုက်ပါလာသည့် ဆိုင်ကယ်ကို       ရပ်တန့်စစ်ဆေး ရှာဖွေရာ           စိတ်ကြွရူးသွပ် ဆေးပြား  ၃၇၀၀ နှင့်  ဓားမြှောင် တစ်ချောင်းတို့ကို    လည်းကောင်း၊ ထိုနေ့     မွန်းလွဲ ၁ နာရီတွင် ဘားအံမြို့နယ်     ဘားအံ- အိန္ဒု သွားကားလမ်း      အိန္ဒဲကျေးရွာ အုပ်စု      ကော့ခမိတ်ကျေးရွာ ကော့ခမိတ်     တောင်ကြားလမ်း တွင် ထိန်လင်းအောင်  မောင်းနှင် လာသည့်    ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ           စိတ်ကြွ ရူးသွပ်ဆေးပြား     ၄၀၀၀   ကို လည်းကောင်း။ 


ထို့အတူ   ဩဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲတွင်   မြဝတီမြို့ အမှတ်(၄)ရပ်ကွက်    အောင်သိပ္ပ လမ်းတွင်   မသင်္ကာဖွယ်တွေ့ရှိသူ ချာကူးကူး   (ခ)  အငယ်လေးနှင့် မသဇင်ထွေးတို့ကို    စစ်ဆေး ရှာဖွေရာ    စိတ်ကြွရူးသွပ်ဆေး ၄၇၅၆ ပြားကို   လည်းကောင်း ၊ ယင်းနေ့    နံနက် ၁၀ နာရီတွင် ကလေးမြို့       ပင်လုံရပ်ကွက် နယ်မြေ(၄) ဗန္ဓုလလမ်း   အမှတ် (၈၉)ရှိ    မဟွဲကျိန်၏ နေအိမ်ကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၈၂၀၀     ကို    လည်းကောင်း။ 


အလားတူ  နံနက် ၉ နာရီခွဲတွင် ရေဖြူမြို့နယ်  လော့သိုင်းကျေးရွာ အုပ်စု      အလယ်စခန်းကျေးရွာ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လွင်မောင်မောင်  မောင်း နှင်ပြီး         အောင်ကျော်စိုးနှင့် သန့်ဇင်တို့     လိုက်ပါလာသည့် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ   ယာဉ် ပေါ်တွင် ကိုမြင့်ဆွေ(မြိတ်)အမည် ပါ       စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀    သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး     ပေါ်ပေါက်ချက်အရ ညနေ ၅ နာရီခွဲတွင်     စိတ်ကြွ ရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့ သူ   ယာဉ်လိုင်းဂိတ်မှူး   မြင့်ဝင်း (ခ)     ညွန့်ဝင်းကို        မင်္ဂလာဒုံ မြို့နယ်      ချစ်တီးကုန်းရပ်ကွက်    အောင်မင်္ဂလာ       အဝေးပြေးကား ဝင်းအတွင်းရှိ     ကားဂိတ်တွင်   ထပ်မံဖမ်းဆီးရမိခဲ့သည်။


ထို့နောက်  ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မောင်တော မြို့နယ်  အောင်ဇူ - ခမောင်းဆိပ် သွားကားလမ်း     ခမောင်းဆိပ် ကျေးရွာအုပ်စု     ခမောင်းဆိပ် ကျေးရွာအနီးတွင်   မသင်္ကာဖွယ် လမ်းလျှောက်လာသူ  စံသာမောင်၊ ထွေးသာစိန်နှင့်  ကျော်ထွန်းတို့ကို စစ်ဆေးရှာဖွေရာ    စံသာမောင် ထံမှ      စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀ ကို     လည်းကောင်း၊ ထွေးသာစိန်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၉၅၀၀ ကိုလည်းကောင်း၊ ကျော်ထွန်းထံမှ   စိတ်ကြွရူးသွပ် ဆေးပြား  ၁၉၀၀၀ ကို    လည်း ကောင်း   သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကို          ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ     ဥပဒေအရ အရေးယူထားကြောင်း    သိရ သည်။         

 ရဲပြန်ကြား