မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  အောက်တိုဘာ ၂၅ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက် ညနေ ၄  နာရီ မိနစ်  ၅၀  တွင်  ဗန်းမော် မြို့နယ်     စီဟဲကျေးရွာအနီး ဗန်းမော်-မန္တလေးသွားကားလမ်း တွင်     တိန့်ယိမ်းမောင်းနှင်ပြီး ခေါဇုန်း      လိုက်ပါလာသည့် ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၅၂    ကီလိုနှင့်   စိတ်ကြွရူးသွပ် ဆေးပြား ၃၆၂၆၅ ပြား သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅  နာရီ မိနစ် ၄၀ တွင် ဗန်းမော်မြို့ မြို့မရပ်ကွက် ကမ်းနားလမ်းတွင်  ဇော်ဆိုင်းနှင့်  ဘောမ်ယိမ်းတို့ကို ဆိုင်ကယ်တစ်စီးနှင့်အတူလည်း ကောင်း၊  ယင်းနေ့ နံနက် ၁၁  နာရီတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော    ပူးပေါင်းအဖွဲ့ သည်    မြဝတီမြို့    အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းရှိ  စားသောက်ဆိုင်သို့    ဝင်ရောက် ရှာဖွေရာ သိန်းဇော်ဦး၊ မြင့်မောင်၊ မခိုင်သဇင်ဦးတို့ကို  တွေ့ရှိရပြီး သိန်းဇော်ဦးထံမှ  စိတ်ကြွရူးသွပ် ဆေးပြား ၁၉၅၀ ကိုလည်းကောင်း။ 


ယင်းနေ့   ညနေ   ၄   နာရီခွဲတွင်  မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  ရေဖြူမြို့နယ်   ရေး- ထားဝယ် သွားကားလမ်း   မိုင်တိုင်အမှတ် (၈၁/၆)အနီးတွင် ခရီးသည်တင် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  ခရီးသည် မင်းဌေးထံမှ  စိတ်ကြွ  ရူးသွပ်ဆေးပြား ၈၂၆၉၅ ပြားကို လည်းကောင်း၊ ယင်းနေ့  မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ  ပါဝင် သော    ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မော်လမြိုင်-  ကျိုက္ခမီလမ်းတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် မော်တော်ယာဉ်ကို  စစ်ဆေးရှာဖွေ ရာ  ကျော်ဇင်သန့်၊  သိန်းမြင့်နှင့် အောင်ကျော်ထွန်းတို့ကို    တွေ့ရှိ ရပြီး     စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ ကိုလည်းကောင်း။


အလားတူ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ   ၄၅  မိနစ်တွင် ပဲခူးမြို့ အမှတ်(၃) နယ်မြေရဲစခန်း မှ    တပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်းအဖွဲ့သည်       ပဲခူးမြို့  အမှတ်(၉)ရပ်ကွက်   ရန်ကုန်-မန္တလေးကားလမ်းတွင် မင်းကိုကို ဇော် မောင်းနှင်ပြီး မင်းသူလင်းနှင့်  ဘိုဘိုဝင်းတို့    လိုက်ပါလာသည့် မော်တော်ယာဉ်ကို     ရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ် ဆေးပြား ၇၀၃၈  ပြားကိုလည်း ကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား    မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ  အရေးယူ ထားကြောင်း သိရသည်။


ရဲပြန်ကြား