
နတ်တလင်း
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်အတွင်းတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၄ နာရီခွဲခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲသေအုပ်စု ကျွဲသေရွာတွင် အမိုးလန်နေအိမ်ခုနစ်လုံး၊ ဘုရားထုရွာ တွင် အမိုးလန်နေအိမ် ၄၄ လုံးနှင့် နေအိမ်နှစ်လုံး ပြိုလဲသွားကြောင်း၊ ကျန်တောအုပ်စု အညာတန်းရွာတွင် အမိုးလန်နေအိမ်လေးလုံး၊ ကံလယ် ရွာတွင် အမိုးလန်နေအိမ်သုံးလုံး၊ ချောင်းသုံးခွအုပ်စု ကံသာယာရွာတွင် အမိုးလန် နေအိမ် ၅၁ လုံး၊ နေအိမ်သုံးလုံး ပြိုလဲသွားကြောင်း၊ မိုးရွာသွန်း ပြီး လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် ငါးလုံး ပြိုလဲပြီး အမိုးလန်နေအိမ် ၁၀၉ အိမ်ရှိကြောင်း၊အဆိုပါနေအိမ်များ ပျက်စီးသွား ခြင်းကြောင့် အိမ်ခြေ ၁၁၄ စု၊ လူဦးရေ ၃၇၀ လေဘေးသင့်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ယင်းနေရာများသို့ တာပွန်နယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ တို့ သွားရောက်၍ နယ်မြေခံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရ သည်။ တင်မြင့်(နတ်တလင်း)
သာပေါင်း
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ယနေ့ နံနက် ၇ နာရီခွဲ မှစ၍ စစ်ပင်ကြီးကျေးရွာအုပ်စု ၌ နေအိမ်ပြို နှစ်လုံး၊ ကျားရဲကျေးရွာအုပ်စု မဏ္ဍိုင်ကျေးရွာ၌ နေအိမ်ပြိုတစ်လုံး ပေါင်းသုံးလုံး၊ ဘုရားနီကျေးရွာအုပ်စု၌ နေအိမ် အမိုးလန် တစ်လုံး၊ စစ်ပင်ကြီးကျေးရွာအုပ်စု၌ နေအိမ်အမိုးလန် သုံးလုံး ပေါင်းလေးလုံး ပျက်စီးခဲ့သည်။
နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန် များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)
ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ရန်ကုန်တိရစ္ဆာန် ရုံဝင်းရှေ့ ကန်ရိပ်သာလမ်းရှိ စိန်ပန်းပင်အမြစ်မှလဲကာ လမ်းပေါ်သို့ လဲကျခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ထို့အတူ သမိန်ဗရမ်းလမ်း၊ သဘာဝဓာတ်ငွေ့အရောင်းဆိုင်အတွင်း ရှိ ညောင်ပင်အမြစ်မှလဲ၍ ကားတစ်စီးပေါ် ညောင်ကိုင်းပိခြင်း၊ အုတ်ခြံစည်းရိုး ၁၀ ပေခန့် ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။ (ဝဲပုံ)
အဆိုပါ သစ်ပင်၊ သစ်ကိုင်းများ လဲကျပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သွားရောက် ကာ အချိန်မီ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)
တိုက်ကြီး
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သစ်ပင်များ လဲပြိုမှုဖြစ်ပွားခဲ့သည်။
ထိုသို့မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ် အတွင်းရှိ ဗောဓိကုန်းရပ်ကွက် စုပေါင်းရုံးလမ်းတွင် လုံးပတ် နှစ်ပေခန့်၊ အမြင့် ပေ ၂၀ ခန့်ရှိ ဗံဒါပင်တစ်ပင် လဲပြိုခြင်း၊ မင်္ဂလာရပ်ကွက် တိုက်ကြီး - ပဲခူး လမ်းပေါ်တွင် လုံးပတ် သုံးပေ၊ အမြင့် ပေ ၄၀ ခန့်ရှိ မလေးရှားပိတောက်ပင် လေးပင် လဲပြိုခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှု များ ဖြစ်ပွားခဲ့ရာ တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇော် ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့်အတူ သွားရောက် ခုတ်ထွင် ဖယ်ရှားရှင်းလင်းရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။
အဆိုပါမိုးသက်လေပြင်းများ တိုက်ခတ်၍ သစ်ပင်များလဲပြိုမှု ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရ သည်။
စန်းကလျာခိုင်(ပြန်/ဆက်)
မင်းလှ
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ထန်းပင်ကုန်း ကျေးရွာအုပ်စုတွင် လူနေအိမ်ခြောက်လုံးပြိုလဲ၊ ၁၀ လုံးအမိုးလန်၊ ထောက်ကြန့်ကျေးရွာအုပ်စုတွင် လူနေအိမ်လေးလုံးနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းအမိုးလန်၊ စမ်းဘုတ်ကျေးရွာတွင် လူနေအိမ် တစ်လုံးအမိုးလန်၊ ရွှေဝါမြိုင်ကျေးရွာတွင် လူနေအိမ်တစ်လုံး အမိုးလန်၊ ထောက်ကြန့်ကွင်း(အမ်)ကျေးရွာတွင် လူနေအိမ်နှစ်လုံး အမိုးလန်၊ စုစုပေါင်း ပြိုလဲနေအိမ်ခြောက်လုံး၊ အမိုးလန်နေအိမ် ၁၈ လုံး၊ အိမ်ထောင်စု ၂၄ စု၊ လူဦးရေ ၉၅ ဦး ဘေးသင့်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ လေဘေးသင့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လိုအပ်သည့် ကူညီကယ်ဆယ်ရေးများနှင့် ထောက်ပံ့မှုများကို သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။ ပေါက်စ(မင်းလှ)