
နေပြည်တော် ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံး စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း RC နှစ်ထပ်ကျောင်းဆောင်အား အကြမ်း ဖက်သမားများက ဓာတ်ဆီလောင်းမီးရှို့ခဲ့သော် လည်း မီးလောင်ပျက်စီးမှုမရှိကြောင်း။
အလားတူ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ် သဲဖြူကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ထိန်းသိမ်းထားရှိသည့် သင်ရိုး ညွှန်တမ်းစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ် များအား နံနက် ၁၀ နာရီတွင် အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာအုပ်များ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း အား ည ၇ နာရီ မိနစ် ၂၀ တွင် အကြမ်းဖက်သမား များက ဓာတ်ဆီပုလင်းများဖြင့် မီးရှို့ပစ်ပေါက်ခဲ့ သော်လည်း ကျောင်းအဆောက်အဦ မီးလောင် ပျက်စီးမှုမရှိကြောင်း။
ထို့ပြင် ညနေ ၃ နာရီ ၄၅ မိနစ်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ် လွိုင်ကော်မြို့ နမ့်ဘောဝမ် (က) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးအနီး ပြည်ထောင်စုလမ်းနှင့် GTC လမ်းဆုံ တွင် ဒေသန္တရလက်လုပ်မိုင်း သုံးလုံး၊ ဘိုးဘွားရိပ်သာ လမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ်မိုင်း သုံးလုံးကို ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေကျေ ပျက်စီးစေရန် အတွက် မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများ အား မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်