
နေပြည်တော် ဇွန် ၂၃
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့ကို လူထု အတွင်း အကြောက်တရားများ လွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သူများက သေနတ် များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။
ထိုသို့ လုပ်ဆာင်ရာတွင် ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ် တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၁၃) ရပ်ကွက် သီရိမြိုင် (၁၀) လမ်း တိုက်အမှတ် (၆၅၅/အေ) ရှေ့၌ အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ ဦးကျော်အေး (ခ) ကျော်ကြီး (၅၀) နှစ် (ဘ)ဦးမောင်ခင်သည် နေအိမ်မှ ၎င်း ဖွင့်လှစ်ထားသည့် အာရုဏ်ဦး လက်ဖက်ရည် ဆိုင်သို့ လမ်းလျှောက်သွားစဉ် နောက်မှ လမ်းလျှောက်လာသူ အကြမ်းဖက် သူ အမျိုးသား တစ်ဦးက သေနတ် ဖြင့် နှစ်ချက် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးကျော်အေး (ခ)ကျော်ကြီးတွင် နောက်ကျောမှ ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိကာအခင်းဖြစ်နေရာ၌ သေဆုံး ခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများနှင့် အေးချမ်းစွာနေထိုင် နေကြသော ပြည်သူလူထုများကိုငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့ သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်