မြို့နယ်အချို့၌ အကြမ်းဖက်သူအုပ်စုများက အေးချမ်းစွာနေထိုင်သော ပြည်သူများကို “သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ ရန်ပြုခြင်း၊ နေအိမ်များအား ဖျက်ဆီးခြင်းများ ပြုလုပ်

 

 

နေပြည်တော်    ဇွန်    ၂၈
တိုင်းဒေသကြီး၊   ပြည်နယ်အချို့ရှိ   မြို့နယ်အချို့မှ အကြမ်းဖက်သူလူအုပ်စုများက ၎င်းတို့၏ လုပ်ဆောင် မှုများအတိုင်း       လိုက်လံလုပ်ဆောင်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်သော ပြည်သူများကို “သတင်း ပေး” ဟု စွပ်စွဲပြောဆိုကာ  ၎င်းတို့အား ရန်ပြုခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ အုပ်စုဖွဲ့၍ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ် တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အိုးပြစ် ကျေးရွာနေ ဦးချင်းရွှေ (၅၅) နှစ် (ဘ) ဦးလှမောင်၏ နေအိမ်ကိုအကြမ်းဖက်သူ ၁၀ ဦးက “သတင်းပေး” ဟုပြောဆို၍ လက်လုပ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ကာ အိမ်အတွင်း     ဝင်ရောက်ဖျက်ဆီးသွားကြောင်းနှင့် အိုးပြစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော် ဉူးဇောတိက အား “သတင်းပေး” ဟု စွပ်စွဲပြောဆိုကာ           ကျောင်းခြံစည်းရိုးများကို ကန်ကျောက်ခဲ့ကြောင်း   သတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့က   သွား ရောက် စစ်ဆေးခဲ့ရာ ဦးချင်းရွှေ၏ နေအိမ် ပြတင်း တံခါးမှန်    ခြောက်ချပ်ကွဲကြေပျက်စီးကာ   နေအိမ် အတွင်းမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး နှစ်လုံး တွေ့ရှိရသဖြင့်     သက်မဲ့ပြုလုပ်   သိမ်းဆည်းခဲ့ပြီး ဦးချင်းရွှေပါ   မိသားစုဝင်   ငါးဦးနှင့်   ဆရာတော် ဉူးဇောတိကတို့အား အဆိုပါကျေးရွာတွင် နေထိုင်ရန် လုံခြုံရေးစိတ်မချရသဖြင့်      နယ်မြေခံတပ်ရင်း၌ ခေါ်ဆောင်စောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။
ထို့အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ မန်လွယ်ဘုန်းကြီးကျောင်းအနီးရှိ      ဦးတင်ထွန်း ပိုင်ဆိုင်ပြီး    လူနေထိုင်ခြင်းမရှိသည့်   နေအိမ်ကို အကြမ်းဖက်သူအင်အား  ၅၀ ခန့်က “သတင်းပေး” အိမ်ဟု စွပ်စွဲ၍ အုတ်တံတိုင်းခြံစည်းရိုးနှင့် သွပ်မိုး၊ ထရံကာနေအိမ်တို့အား     ဝင်ရောက်ဖျက်ဆီးနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော    ပူးပေါင်းအဖွဲ့က     အဆိုပါအခြေအနေကို ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ အကြမ်းဖက်သူ များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ရန်ပြုခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲ ခဲ့ရာ အကြမ်းဖက်သူများ  လူစုခွဲထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သူများအတွင်းမှ အမျိုးသားတစ်ဦးတွင် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ ထားသော ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅ လမ်းနှင့် ၁၀၈ လမ်းထောင့်နေ ဦးထွန်းအောင် (၅၅) နှစ် နှင့် ဒေါ်ငွမ်းအသန် (၄၉) နှစ်တို့နှစ်ဦးအား ဓားရှည် ၁၃ လက်၊ ဂေါက်ရိုက်တံ တစ်ချောင်း၊ သံညှပ် အကြီး တစ်ချောင်း၊ ဖုန်း တစ်လုံး၊ ဆိုင်ကယ် ၁၄ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဒဏ်ရာရရှိသူများ အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိ ခဲ့ကြောင်း သိရသည်။
အထက်ပါ     အကြမ်းဖက်မှု   ဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများ ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်