မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၅၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈
မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ   ဘိန်းဖြူ များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်  များပါဝင်သော     ပူးပေါင်းအဖွဲ့ သည်    သတင်းအရ    ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးညှင်းမြို့နယ် ရွှေဘို-မြစ်ကြီးနား သွားကားလမ်း      နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး   စခန်းတွင် မန္တလေးမှ      မိုးညှင်းဘက်သို့ မောင်းနှင်လာသည့်    AD    VAN ခရီးသည်တင်   မော်တော်ယာဉ် အား ရှာဖွေရာ နိုင်ဦး(ခ) မောင်နိုင် (၄၁)   နှစ်နှင့်    ပြည့်ဖြိုးအောင် (ခ)   ကိုဖြိုး  (၂၉)နှစ်တို့     နှစ်ဦး သယ်ဆောင်လာသည့်    တန်ဖိုး ငွေကျပ်  သိန်း   ၅၂၀၀  ကျော် တန်ဖိုးရှိ   ဘိန်းဖြူ   ၂၀ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ပြီးစစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို      ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်     ၎င်းတို့    နှစ်ဦးကို ဥပဒေအရ    အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိသည်။          
သတင်းစဉ်