မိုးညှင်း၊ သာစည်၊ မောင်တောနှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃ 
မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် နံနက်  ၉ နာရီ ၁၅   မိနစ်တွင်   မိုးညှင်းမြို့နယ် ဟိုပင်မြို့ မိုးညှင်း-ဟိုပင်သွားကား လမ်း   မြို့သစ်ကလေးကျေးရွာ တံတားအနီးတွင် မကြူကြူလှိုင် (ခ)ကြူကြူအား  ကတ်ထူပုံးနှင့် အတူ  မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ   ဘိန်းဖြူ   ၁ ဒသမ ၁   ကီလို   သိမ်းဆည်းရမိ ခဲ့သည်။
အလားတူ ဒီဇင်ဘာ ၂၁ ရက် ည ၁ဝ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံ   စစ်ဆေးရေးဂိတ်၌ တောင်ကြီးမြို့မှ သာစည်မြို့ဘက် သို့ မောင်းနှင်လာသည့် ခရီးသည် တင်ယာဉ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် ခရီးသည် ဘိုလှိုင်းနှင့် ဝင်းမင်းဦးတို့၏ ခရီးဆောင်အိတ် များအတွင်းမှ    စိတ်ကြွရူးသွပ် ဆေးပြား   ၂၈၅၀၀၀   ကိုလည်း ကောင်း။
ထို့အတူ   ဒီဇင်ဘာ  ၂၂  ရက် ညနေ ၆ နာရီ  ၁၅   မိနစ်တွင် မောင်တောမြို့နယ် ဇူလကျေးရွာ နေ   မကော်ဆဲရ်၏   နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား    ၁၀၇၂၅၀   ကိုလည်း ကောင်း၊ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် မိုင်းဆတ်မြို့ နယ် (၁၀)မိုင်ကျေးရွာအနီး  မိုင်း ဆတ်-မိုင်းပျဉ်းသွား  ကားလမ်း တွင်   ကျော်ဝင်း  (ခ) ကျဝင်း မောင်းနှင်ပြီး ကျလောတီ လိုက်ပါ လာသည့် ဆိုင်ကယ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား   ၁၃၄၀၀   ကိုလည်း ကောင်း   သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား      မူးယစ်ဆေးဝါး နှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားကြောင်း      သိရ သည်။
သတင်းစဉ်