
နေပြည်တော် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် တွင် နိုဝင်ဘာ ၂၀ ရက်က ဂက်(စ်)မီးဖို ဖြင့် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မိုင်းတုံမြို့ မြို့မရပ်ကွက် မြို့နယ်အားကစားကွင်း တိုက်တန်း၊ အခန်းအမှတ်(၅)နေ စိုင်းခမ်းမိုး(ခ)စိုင်းပီး(၃၉)နှစ် ၏ နေအိမ်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် ငါးစီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ စိုင်းခမ်းမိုး(ခ)စိုင်းပီးသည် ဆိုင်ခန်းအနောက် အောက်ထပ်မီးဖိုခန်း အတွင်း ဂက်(စ်) မီးဖိုဖြင့် ထမင်းချက် ရာမှ မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နှစ်ထပ်ဈေးဆိုင်ခန်း ၁၈ ခန်း မီးလောင်ပျက်စီးဆုံးရှုံး ခဲ့သဖြင့် စိုင်းခမ်းမိုး (ခ) စိုင်းပီးအား မိုင်းတုံမြို့မရဲစခန်း (ပ) ၁၉/ ၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
(ရဲပြန်ကြား)