
မိုင်းရယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ် မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ယမန်နေ့မှစ၍ မိုင်းရယ်မြို့ နမ့်ရယ်ခန်းမနှင့် မန်ကျောင်းပန်ရှင် ဘုန်းတော်ကြီးကျောင်းတို့တွင် အသက် ၁၈ နှစ်အထက် ရှိသူများအား တတိယ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် အသက် ၁၈ နှစ်အထက် တတိယအသုတ် ပထမအကြိမ်ထိုးနှံရမည့် ဦးတည်အုပ်စု အလိုက် ကာကွယ်ဆေး ထိုးနှံမှုတွင် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၂၇၅ ဦး ရှိပြီး ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကမ်းမယ့်လက် ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်