မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

 

မိုင်းရယ် အောက်တိုဘာ ၂၄


ရှမ်းပြည်နယ်     (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်တွင်   ကိုဗစ်-၁၉ ကာကွယ်ဆေးများကို      ယနေ့ နံနက် ၉ နာရီမှစတင်၍ မိုင်းရယ် မြို့    နမ့်ရယ်ခန်းမနှင့်     မန်ပုံ ကျေးလက် ကျန်းမာရေးဌာနခွဲ  တို့တွင် အသက် (၁၈) နှစ်အထက် ရှိသူများအား     ဒုတိယအသုတ် (ဒုတိယအကြိမ်)  နှင့်  တတိယ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉  ကာကွယ်ဆေး    အသီးသီးထိုးနှံ ပေးခဲ့သည်။

 


မိုင်းရယ်မြို့နယ်တွင် အသက် (၁၈) နှစ်အထက် ဒုတိယအသုတ် (ဒုတိယအကြိမ်)     ထိုးနှံရမည့် ဦးတည်အုပ်စုအလိုက်  ကာကွယ် ဆေးထိုးနှံပေးနိုင်မှုမှာ ၁၂၉ ဦး၊ တတိယအသုတ် (ပထမအကြိမ်) ထိုးနှံရမည့်     ဦးတည်အုပ်စုများ အလိုက်       ယနေ့ထိုးနှံနိုင်မှုမှာ ၁၂၀  ဖြစ်ကြောင်းနှင့်  ဆေးထိုးနှံ ရန် ကျန်ရှိသူများကို  ဆက်လက် ထိုးနှံပေးသွားမည်   ဖြစ်ကြောင်း မြို့နယ်   ကိုဗစ်-၁၉    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

 


အဆိုပါ   ကိုဗစ်-၁၉ ကာကွယ်  ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်း အောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊     ဌာနဆိုင်ရာ များက      ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကျော်ဇင်ထိုက်၊ ဟန်နီခင်(မိုင်းရယ်)